Uni
"ပိုင်....ကျောင်းသွားတော့မလို့လား"
"ဒီနေ့ ကျောင်းပိတ်တယ်လေ ကျူရှင် သွားသင်မလို့"
"ဟိုလေ....ဖူးပွင့် နေလို့မကောင်းဘူးသိလား"
"ဟုတ်လား....ဘာဖြစ်တာလဲ
ဆေးခန်းသွားမလား""ပျို့ပြီး အန်ချင်နေတယ်
ဗိုက်ဆာပေမဲ့ စားလို့လည်း မဝင်ဘူး""Morning Sickစနေပြီ ထင်တယ်
စားမဝင်လည်း စားတော့စားမှ ဖြစ်မှာပေါ့""ထိပ်ထားစံကို ခေါ်ပေးပါလား"
"အင်း.....ခေါ်လိုက်မယ်နော်"
"အဲဒါဆို ပိုင် စာသွားသင်လိုက်လေ
သူ လာမှ ဆေးသောက်ပြီး တစ်ခုခု စားလိုက်မယ်"ပိုင်လည်း ထိပ်ထားစံဆီ ဖုန်းဆက်ပေးပြီး ကျူရှင်သွားသင်လိုက်ပါတယ်။
တစ်ချိန်သင်ပြီး စိတ်မဖြောင့်တာနဲ့ ကျန်တဲ့အချိန်တွေကို ဖျက်လိုက်ပြီး ဆက်မသင်ဘဲ အိမ်ပြန်လာလိုက်ပါတယ်။
အိမ်ပြန်ရောက်တော့ ထိပ်ထားစံ ရောက်နေပါပြီ။
"ပိုင်....ပြန်လာပြီလား"
"ဟုတ်တယ် အစ်မ
ဖူးပွင့်် အခြေအနေက ဘယ်လိုလဲ
ဆေးခန်းသွားဖို့လိုလား""မလိုပါဘူး။ အန်ချင်တာ သက်သာမဲ့ဆေး ပေးထားတယ်
စားစရာလည်း ဝယ်ပေးထားတယ်""တော်သေးတာပေါ့
ကျေးဇူးပါပဲ အစ်မရယ်""ဒါနဲ့ ပြောရဦးမယ်
ဖူးပွင့်က ပိုင်အပြင်မှာ စာသွားသင်နေတော့ သူ တစ်ယောက်တည်း အားငယ်တယ်တဲ့
တကယ်လည်း သူတစ်ယောက်တည်း နေမကောင်းဖြစ်နေရင် ဘယ်လိုလုပ်မလဲ""အဲတော့ ဘယ်လိုလုပ်ရမလဲ
စာမသင်လို့မှ မဖြစ်တာ""အိမ်မှာ ဝိုင်းခေါ်သင်ပေါ့"
"အဲဒါက...."
ဖူးပွင့် ကြားထဲက ဝင်ပြီး....
"ပိုင် အဆင်ပြေမှ လုပ်ပါ
ဖူးပွင့်က ရပါတယ်
ဒီလိုပဲနေရမှာပေါ့""အင်းပါ....ကျောင်းသားမိဘတွေကို ပြောပြပြီးညှိကြည့်ပါဦးမယ်"
![](https://img.wattpad.com/cover/325688219-288-k282893.jpg)
YOU ARE READING
Belief