(6)

292 11 3
                                    

Uni

ပိုင် နမ်းနေတုန်းမှာပဲ ဖူးပွင့်ဖုန်း မြည်လာပါတယ်။

"အမေတို့ ဖုန်းခေါ်နေပြီ"

"ဟယ်လို
ဟုတ်...အမေ...
သမီးက အိမ်နားရောက်နေပြီ
ဟုတ်တယ် ပိုင်နဲ့အတူတူ ရှိနေတာ
အခု ပြန်လာခဲ့မယ်နော်"

ဖူးပွင့် ဖုန်းချပြီးတော့

"အမေ ခေါ်နေပြီ ပြန်တော့မယ်"

"အင်း....အိမ်ရှေ့ လိုက်ပို့ပေးမယ်လေ
ဒါနဲ့ ပြောစရာရှိလို့ ပိုင့်ကို လာရှာတာလား"

"ဟုတ်တယ်
ကျောင်းတက်တဲ့အကြောင်း ပြောမလို့"

"အဲဒါဆို အခုပြောလေ"

"မပြောတော့ဘူး
အမေ ခေါ်နေပြီ အိမ်ပြန်တော့မယ်"

"အိမ်လိုက်ခဲ့မယ်"

"ပိုင့်အမေ စိတ်ပူနေမှာပေါ့
ကျောင်းဆင်းကတည်းက အိမ်မပြန်သေးတာမလား"

"ရပါတယ်
လာ...."

ပိုင် ဖူးပွင့်လက်ဆွဲပြီး သုတ်သုတ် သုတ်သုတ်နဲ့ လျှောက်ပါတယ်။
ပိုင့်အိမ်ရှေ့ရောက်တော့ သူ့အမေကို လှမ်းအော်ပြောပါတယ်။

"အမေ....သား ဖူးပွင့်အိမ် ခဏလိုက်သွားဦးမယ်
အမေ စိတ်မပူနဲ့နော်"

"အေး....အေး"

"ပြောပြီးပြီ
ရပြီ"

အိမ်ရှင်ဖြစ်တဲ့ ဖူးပွင့်ထက် ပိုင်က ဦးအောင် အိမ်ထဲဝင်ပါတယ်။

"သြော်....ပိုင်ပါ လိုက်လာတာလား
လာ....လာ......
ညစာ ဝင်စားသွား"

"ဟုတ်ကဲ့"

ပိုင်က ထမင်းစားဝိုင်းမှာ ဝင်ထိုင်ပါတယ်။

"သမီး ပိုင့်အတွက် ထမင်း ခူးပေးလိုက်လေ"

"ဟုတ်...ဟုတ်"

"ပိုင့်ကြည့်လိုက်ရင် အမြဲတမ်း တက်တက်ကြွကြွနဲ့ ဖူးပွင့်ကတော့ မလှုပ်တလှုပ်နဲ့ အားကို မရပါဘူး"

"ဖူးပွင့်က သူ့ပုံစံကိုက ဒီအတိုင်းပဲမို့ပါ ဦးရယ်"

"ကျောင်းတက်တာရော အဆင်ပြေရဲ့လား သမီး"

"ပြေပါတယ်
ဒါပေမဲ့ သမီး ကျောင်းကားပဲ စီးချင်တယ် ဖေဖေ
လိုင်းကားတိုးမစီးနိုင်ဘူး"

BeliefWhere stories live. Discover now