(7)

334 9 0
                                    

Uni

နောက်နေ့မနက် ကျောင်းသွားဖို့ အိမ်ကထွက်တာနဲ့ ပိုင် အိမ်ရှေ့မှာ စောင့်နေပါတယ်။
ဖူးပွင့် ပိုင့်ကို ငေးကြည့်နေလို့

"ဖူးပွင့် ဘာကြည့်နေတာလဲ"

"ပိုင်က ဒီပုံစံလေးနဲ့ ချောလို့
အရင်တုန်းက ကျောင်းဝတ်စုံနဲ့ပဲ မြင်နေကျဆိုတော့"

"အင်း....ဖူးပွင့်တို့ကျောင်းက ယူနီဖောင်းမှ မရှိတာ
ဒါနဲ့ ကျောင်းသားကတ်မပါဘဲနဲ့ အထဲဝင်လို့ရပါ့မလား"

"ဟိုရောက်မှ တစ်ယောက်ယောက်ဆီက ခဏငှားပြီး ဝင်လိုက်ရတယ်"

"အင်း....ကျောင်းကားနဲ့ သွားမှာလား"

"လိုင်းကားပဲ စီးရမှာပေါ့
ပိုင်ပါတာဆိုတော့...."

ကားပေါ်ရောက်တော့ ထိုင်ခုံနေရာမရတာကြောင့် မတ်တပ်ရပ်စီးရပါတယ်။
ပိုင်က ဖူးပွင့်နောက်ကနေ ကာပြီး ရပ်ပေးပါတယ်။
ချစ်သူကို အားကိုးအားထားရတယ်ဆိုပြီး ဖူးပွင့် စိတ်ကူးယဥ် နေမိပါတယ်။

ကျောင်းရောက်တော့ ဖူးပွင့်ရဲ့ တစ်ဦးတည်းသော သူငယ်ချင်းနဲ့ ပိုင့်ကို မိတ်ဆက်ပေးပါတယ်။

"ဟဲ့ မိတ်ဆက်ပေးရဦးမယ်
ဒါ ငါ့ချစ်ချစ်
နာမည်က ပိုင်တဲ့"

"နာမည်က တစ်လုံးတည်းလား"

"ဟုတ်တယ်"

"အေးပါ....
တွေ့ရတာဝမ်းသာပါတယ် ကိုပိုင်
ဖူးပွင့်က သူငယ်ချင်းလည်း မရှိလို့ သက်သက် စနေတာ သူ့ကို"

"ဟုတ်ကဲ့
ပိုင်လို့ပဲ ခေါ်ပါ အသက်ရွယ်တူပဲဟာ"

"ဟာ....အတော်ပဲ
ကို လာနေပြီ မိတ်ဆက်ပေးမယ်နော်"

"အင်း.....အတော်ပဲ ကြွားချင်နေတာနဲ့😁"

"ဖူးပွင့်တို့များ ဖြစ်နေလိုက်တာ....."

"ကို...ဒါ ဖူးပွင့်ချစ်သူ.....ပိုင်လို့ခေါ်တယ်
ကွန်ပြူတာတက္ကသိုလ်ကတဲ့"

"ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်
ကျွန်တော့်သူငယ်ချင်းတွေလည်း ကွန်ပြူတာတက္ကသိုလ်မှာ ရှိတယ်"

"ဟုတ်လား နောက်ကျ အားရင် ကျွန်တော့်ကျောင်း လာလည်ပေါ့"

"ကို သွားလည်ရင် သဲလည်း လိုက်မယ်"

BeliefDonde viven las historias. Descúbrelo ahora