(3)

249 10 0
                                    

Uni

ဆယ်တန်းစတက်ပြီဆိုကတည်းက ပိုင့်မှာ အားလပ်ချိန်ဆိုတာ မရှိသလောက်ပါပဲ။
ကျောင်းမှာ ထမင်းအတူစားတဲ့အချိန်ပဲ တွေ့ဖြစ်ပါတယ်။

"ပိုင်..."

"အင်း....ပြောလေ"

"ပိုင် ဖူးပွင့်ကို သတိမရဘူးလားဟင်"

"ဟမ်....နေ့တိုင်း တွေ့နေရတာပဲ ဘာကို သတိရရမှာလဲ"

"သြော်....တွေ့ရပေမဲ့လည်း သတိရတာမျိုး ရှိတာပဲ"

"ထမင်း စားမဲ့အချိန်ရောက်ရင် သတိရတယ်လေ"

"တော်ပါပြီ
မပြောတော့ဘူး"

"ဒါနဲ့ မေးရဦးမယ်"

"အင်း....ဘာလဲ"

"ဖူးပွင့်ကို ရည်းစားစကားပြောတဲ့သူတွေ ဘာတွေ ရှိလား"

"မရှိပါဘူး
ဘာလို့လဲ"

"သြော်....အတန်းထဲက ကောင်မလေးတွေဆို ခဏခဏ စာပေးခံကြရလို့
ဖူးပွင့်ကိုရော ပေးတဲ့သူ ရှိလားလို့ မေးကြည့်တာ"

"မရှိပါဘူး
ဖူးပွင့်မှာ သူငယ်ချင်းတောင် မရှိတာ
ကြိုက်မဲ့သူက ပိုဝေးသေး"

"အင်း.....
ကြိုက်မဲ့သူ ရှိလည်း အဲဒါတွေ စိတ်မဝင်စားနဲ့ဦး
စာပဲ အာရုံစိုက်
ကြားလား"

"ဟုတ်ကဲ့ပါ....အဖေရယ်"

"ဟားဟား.... "

အချိန်တွေ တဖြည်းဖြည်း ကုန်လာလိုက်တာ ဆယ်တန်းစာမေးပွဲဖြေခါနီးအချိန် ရောက်လာပါပြီ။
အမေတို့ကတော့ ပိုင်နဲ့အတူ စာသွားကျက်ဖို့ ပြောပေမဲ့ ဖူးပွင့် ပိုင့်မျက်နှာကို မြင်နေရရင် လုံးဝ စာလုပ်လို့ရမှာ မဟုတ်ပါဘူး။
ဖူးပွင့် ကိုယ့်အကြောင်း ကိုယ်သိလို့ အိမ်မှာပဲ နေလိုက်ပါတယ်။

"ဖူးပွင့်ရေ...."

"ဟင်....ပိုင် ဘာလာလုပ်တာလဲ"

"ဖူးပွင့်ကလည်း...... ပိုင့်ကို မြင်တာ အထိတ်တလန့်နဲ့ ဘာဖြစ်တာလဲ "

"ဘာမှ မဖြစ်ပါဘူး
ဘာလာလုပ်တာလဲလို့"

"ဖူးပွင့်အမေက မေးခိုင်းလို့
ဖူးပွင့် စာရ၊မရ မသိတာရှိရင်လည်း ရှင်းပြလိုက်ပါတဲ့"

BeliefHikayelerin yaşadığı yer. Şimdi keşfedin