(11)

220 4 0
                                    

Uni

နောက်နေ့မနက်ရောက်တော့ ပိုင့်အိမ်ရှေ့မှာ သွားစောင့်နေမိပါတယ်။
သူ့အမေက ဖူးပွင့်ကို မကြည်မှန်းသိလို့ အိမ်ထဲကိုလည်း ဝင်မသွားရဲပါဘူး။
ကျောင်းသွားရမဲ့အချိန်ထက် တော်တော်နောက်ကျနေတာတောင် အိမ်ကနေထွက်မလာတော့ ဖူးပွင့် ဖုန်းဆက်ကြည့်လိုက်ပါတယ်။

"ဖူးပွင့်.....ပြော"

"ပိုင်...အခု ဘယ်မှာလဲ "

"အိမ်မှာ...."

"ကျောင်း မသွားဘူးလား"

"ခြေထောက်နာနေလို့ မသွားနိုင်ဘူး"

"အိမ်မှာပဲနေမှာ သေချာလား"

"ခြေထောက်နာနေလို့ လမ်းမလျှောက်နိုင်ပါဘူးဆို
ဘယ်သွားရမှာလဲ"

"ဖူးပွင့်ကို လိမ်နေတာလားလို့...."

"အခု ဖူးပွင့်ကရော ကျောင်းရောက်နေပြီလား"

"မရောက်သေးဘူး ပိုင့်အိမ်ရှေ့မှာ....
ပိုင် ထွက်မလာလို့ ဖုန်းဆက်တာ"

"ကျောင်းသွားတော့လေ နောက်ကျနေပြီမလား"

"ပိုင် အိမ်မှာဆိုရင် ဝရန်တာ ခဏထွက်ခဲ့ပါလား"

"ဘာလုပ်မလို့လဲ ခြေထောက်နာလို့ မတ်တပ်တောင် မနည်းရပ်ရမှာ"

"ပိုင့်မျက်နှာလေး တွေ့ချင်လို့ပါ"

ပိုင် သူ့ကို မယုံလို့ အိမ်ရှေ့အတင်းထွက်ခိုင်းနေမှန်း သိပေမဲ့လည်း ဖူးပွင့်စိတ်ကျေနပ်အောင် အားတင်းထွက်လာပါတယ်။
ပိုင့်မျက်နှာမ​ကောင်းတာ မြင်ကတည်းက ခြေထောက်တော်တော်နာနေမှန်း သိသာပါတယ်။

"ဖူးပွင့် ကျောင်းသွားတော့နော်....
သတိလည်း ထားသွားဦး
နောက်ရက်မှ တွေ့မယ်နော်"

ဖူးပွင့်လည်း အတင်း ထွက်လာခိုင်းပြီးမှ ပိုင် ခြေထောက်တော်တော်နာနေတာတွေ့တော့ သနားသွားပါတယ်။
.........................................
ဖူးပွင့်ကျောင်းရောက်တော့ သူငယ်ချင်းက

"ဖူးပွင့် ဒီနေ့ Tutorial ရှိတာကို ဘာလို့ နောက်ကျနေတာလဲ"

"ငါ....ဟို....."   

"စာမေးပွဲ ဖြေပြီးမှ ပြောပြတော့
လာ...... အတန်းထဲသွားကြမယ်"

ဖူးပွင့်လည်း Tutorialပြီးတော့ သူငယ်ချင်းကို အကြောင်းစုံ ပြောပြလိုက်တယ်။

BeliefWhere stories live. Discover now