(13)

220 5 1
                                    

Uni

"ပိုင်....ပါးက နာနေသေးလားဟင်"

ဖူးပွင့် ပိုင့်ပါးက လက်သည်းခြစ်ရာကို လက်နဲ့ဖွဖွလေး ထိရင်း မေးလိုက်ပါတယ်။

"မနာတော့ပါဘူး"

"ပိုင့်မျက်နှာမှာ အမာရွတ်ထင်ကျန်ခဲ့ရင် ဘယ်လိုလုပ်မလဲ"

"မကျန်ခဲ့လောက်ပါဘူး ကျန်လည်း ဘာမှမဖြစ်ဘူး"

ဖူးပွင့် ပိုင့်လည်ပင်းကို ဖက်လိုက်ပြီး မျက်နှာကို ကြည့်ကာ

"ပိုင်....ဖူးပွင့်ကို ချစ်လားဟင်...."

"ချစ်တာပေါ့"

"အမြင်ရော ကတ်လား"

ပိုင် ပြုံးနေပြီး ဘာမှပြန်မဖြေပါဘူး။

ဖူးပွင့် ပြုံးနေတဲ့ ပိုင့်နှုတ်ခမ်းကို ဖိနမ်းလိုက်ပါတယ်။
ပိုင်လည်း တုံ့ပြန်နမ်းရင်း ဖူးပွင့်ကို ပေါင်ပေါ်မှာ ထိုင်ခိုင်းပါတယ်။
ခဏကြာနမ်းပြီးတော့ ဖူးပွင့်က အဝတ်အစားချွတ်ဖို့ ပြင်ပါတယ်။

"ဖူးပွင့်....ဟို..."

"ဘာလဲ....ပိုင်က စိတ်မပါလို့လား"

"မဟုတ်ဘူး....ပိုင့်မှာ ကွိုင်အဆင်သင့်မပါဘူး
သွားဝယ်လိုက်ရမလား"

"ဝယ်မနေပါနဲ့တော့
ပြီးမှ ဆေးသောက်လိုက်လည်း ရတာပဲ"

"ဟုတ်ပါပြီဗျာ
ပိုင့်ချစ်သူလေး သဘောအတိုင်းပါပဲ"

ပိုင်က ဖူးပွင့်ကို လှဲချလိုက်ပြီး တကိုယ်လုံးကို အနမ်းမိုး ရွာပါတော့တယ်။

စိတ်တိုစရာတွေ မေ့ပြီး နှစ်ယောက်လုံး စိတ်လွတ်လက်လွတ် ချစ်ပင်လယ်ထဲမှာ ကူးခတ်ခဲ့ကြပါတယ်။
............................................
နောက်ရက်တွေမှာတော့ ပိုင်က ထုံးစံအတိုင်း ကျောင်းတက် စာသင်နဲ့ အလုပ်များနေပါတယ်။

ဖူးပွင့်သူငယ်ချင်းကတော့ ဖူးပွင့်တို့ကို ဘေးကနေ ကြည့်ပြီး အသဲယားနေပုံပါပဲ။

"ဖူးပွင့် နင် ပိုင့်ဇယားတွေ ရှင်းပြီးပြီလား"

"အင်း....ဒီလိုပါပဲ"

"နင့်ဟာကလည်း ဘာကြီးလဲ
သူ့နောက်လည်း လိုက်မကြည့်တော့ဘူးလား
သူကရော နင့်ကို ဘာပြောလဲ
အကုန်ရှင်းပါ့မယ်လို့ ကတိပေးလား"

BeliefWhere stories live. Discover now