💚(20)💚

648 7 0
                                    

Uni

ပိုင် ဖူးပွင့်ကို လှမ်းဆွဲလိုက်ပေမဲ့ မမှီလိုက်ဘဲ အောက်ထပ်ကို ကျသွားပြီး နံရံနဲ့ခေါင်းနဲ့ ဆောင့်မိသွားပါတယ်။
ပိုင် အောက်ထပ်ကို အမြန်ဆင်းသွားပြီး ဖူးပွင့်ကို ပွေ့ချီလိုက်ပါတယ်။
ဖူးပွင့် သတိလစ်နေပြီး ခေါင်းကလည်း သွေးထွက်နေပါတယ်။

"ဖူးပွင့်....သတိထားပါဦး....ဖူးပွင့်....."

အပေါ်အိမ်ထဲကလည်း ကလေးငိုသံထွက်လာပါတယ်။
ပိုင်လည်း တစ်ယောက်တည်း ကလေးဆီပြေးရမလို ဖူးပွင့်ကိုပဲ အိမ်အောက်ချီချရမလိုနဲ့ ဘာလုပ်ရမှန်းမသိဖြစ်နေပါတယ်။

အိမ်နီးချင်းအခန်းတွေက အသံကြားတာနဲ့ ထွက်လာကြပြီး ဆေးရုံကားခေါ်ပေးကြပါတယ်။
ပိုင်လည်း အခန်းထဲက ကလေးသွားချီပြီး ဖူးပွင့်ကို ဆေးရုံလိုက်ပို့ပါတယ်။

ဆေးရုံရောက်တော့

"လူနာက ခေါင်းကို ထိခိုက်မိတယ်ဆိုတော့ CT Scanရိုက်ကြည့်မှရမယ်
သွေးမထွက်တော့ဘူးဆိုတော့ အရမ်းတော့ မစိုးရိမ်ရတော့ပါဘူး"

"ခုချိန်ထိ ဘာလို့ သတိမရသေးတာလဲ ဆရာ"

"လူနာက ထိတ်လန့်ပြီး ရှော့ခ်ဖြစ်သွားတာ ထင်ပါတယ်
ခဏနေ သတိရလာပါလိမ့်မယ်
သွေးပေါင်ချိန်နဲ့ နှလုံးခုန်နှုန်းတွေကတော့ ပုံမှန်ဖြစ်နေပါပြီ"

"ဟုတ်ကဲ့ပါ ဆရာ
ကျေးဇူးတင်ပါတယ်"

"ကလေးကလည်း ငယ်ငယ်လေး ရှိသေးတာပဲ
တခြားအဖော်ရော မပါဘူးလား"

"ကျွန်တော် မိသားစုတွေကို အခုပဲ အကြောင်းကြားတော့မလို့ပါ
တစ်ယောက်တည်း ဘာလုပ်ရမှန်းမသိဘဲ ပျာယာခတ်သွားလို့...."

ပိုင် မဖြစ်မနေမို့ နှစ်ဖက်မိဘတွေကို အသိပေးအကြောင်းကြားလိုက်ပါတယ်။

၁နာရီလောက်ကြာတော့ ဖူးပွင့်နိုးလာပါတယ်။

"ဖူးပွင့်....သတိရပြီလား...
ဘယ်လိုနေသေးလဲ"

"အင်း....ခေါင်းက နည်းနည်းနာနေတယ်"

"ဆောင့်မိထားတဲ့အရှိန်ကြောင့် နာနေသေးတာ နေမယ်
ဆရာဝန်က ဆေးတော့ထိုးပေးထားတယ်"

BeliefWhere stories live. Discover now