CHAPTER - 2

3.1K 314 110
                                    

( Zawgyi )

" မင်းက ရှားပါးမျိုးစိတ်ပေါ့ "

ယခုဆိုရင်တော့ ယုန်ဖြူလေးကို ကုတင်ပေါ်တွင်ထိုင်ခိုင်းရင်း ထယ်ယောင်းက ဆိုဖာပေါ်တွင်ထိုင်ကာ ယုန်ဖြူလေးကို မေးမြန်းနေရပါသည် ။ သို့သော်ငြား ယုန်ဖြူလေးထံမှ ဘာအသံမှထွက်မလာပါ ။ ဘာလို့ဆို ယုန်ဖြူလေးက သူ့ကုတင်နားက ကျားသစ်နက်သုံးကောင်ကိုကြည့်ကာ ကြောက်နေသတဲ့လေ ။

" ငါမေးနေတာကိုကြားရင် ဖြေလေ ! မဟုတ်ရင် ငါ့သားတွေကို အစာကျွေးလိုက်မှာ "

" ဟင့် ! သူတို့ကို ကြောက် ကြောက်လို့ပါ "

ယုန်ဖြူလေးကိုကြည့်နေတဲ့ ကုတင်အောက်ရှိ ဟိုသုံးကောင်ကိုလက်ညိုးထိုးရင်း အသံလေးက တုန်ရီစွာဖြေသည် ။ သည်တော့ ထယ်ယောင်းက ထွက်လာတဲ့ အသံသေးသေးလေးကို သဘောကျတာကြောင့် ပြုံးလိုက်ပါသည် ။

" မင်းတို့သုံးကောင် ဒီလာခဲ့ "

ထယ်ယောင်းကခေါ်တော့ ကျားသစ်နက်သုံးကောင်က ထယ်ယောင်းအနားကိုရောက်လာကာ ခွေခွေလေးလှဲချကာ အိပ်နေတော့သည် ။
ထိုတော့မှ ကုတင်ပေါ်ကယုန်ဖြူလေးက ခြေထောက်ဖြူဖြူလေးတွေကို ချလိုက်တော့ ထယ်ယောင်းမျက်နှာလွှဲမိသည် ။ ဘာလို့ဆို အခုလောလောဆယ်မှာ ယုန်ဖြူလေးရဲ့ ကိုယ်ငယ်လေးမှာ ဘာအဝတ်အစားမှမရှိဘူးလေ ။

" မင်း ဟိုမှာနေတုန်းကလည်း ဘာအဝတ်အစားမှ မရှိဘူးလား ? ဒီတိုင်းပဲနေတာလား "

" ဟုတ်ရယ်... ကူးကူးက သူတို့လို ယုန်အသွင်နဲ့နေတာ "

စကားပြောနေရင်း သူ့ကိုယ်သူ ကူးကူးလို့သုံးကာ ပြောလိုက်တဲ့ယုန်ဖြူလေးကြောင့် ထယ်ယောင်း နှုတ်ခမ်းတွန့်ချိုးရုံမျှပြုံးပါသည် ။

" မင်းနာမည်က ကူးကူးလား ? "

" ဟုတ်တယ် ဂျွန်ကူးကူးလို့ခေါ်တယ် ! ဖေဖေပေးထားတဲ့ ဂျွန်ကူးကူး ! "

" ဒါဆိုမင်းမှာ ဘာလို့မိဘတွေမရှိတာလဲ "

ထယ်ယောင်းစကားကြောင့် ယုန်ဖြူလေးကူးကူးရဲ့
ခရမ်းရောင်မျက်ဝန်းလေးတို့ဟာ အရောင်လဲ့လာကာ မျက်ရည်ကြည်တို့ စီးဆင်းတော့လေသည် ။ ထယ်ယောင်းကိုယ်တိုင်ကလည်း ယုန်ဖြူလေးမျက်ရည်ကျနေတာကိုတွေ့တော့ ရင်ဘက်ထဲစူးအောင့်လာကာ မနေတက်တော့ပါ ။

Kim's Bunny ( Completed )Where stories live. Discover now