CHAPTER - 20 ( FINAL )

2.5K 177 94
                                    

#Zawgyi

" ထယ်ယောင်းထပါဦး ထယ်ယောင်း! "

" အင်း.... ယုန်ဖြူလေး "

ထယ်ယောင်းမျက်လုံးဖွင့်ကြည့်လိုက်တော့
သူမေ့လဲနေတဲ့နေရာမဟုတ်ပါဘဲ
Jameရဲ့နန်းတော်ကိုရောက်နေတာသာ
ဖြစ်လေသည်။Jameလက်ထဲမှာလည်း
ဒါဏ်ရာနဲ့သားအားဆေးထည့်ထားကာ
ပွေ့ချီထားသေးသည်။

" မင်းရဲ့သားကအနာရှိန်နဲ့အော်နေလို့
ငါချီထားရတာ ဖိန်းရူးကပြင်းပြင်းထန်ထန်
နံရံနဲ့စောင့်မိတာမို့ သူ့ကိုဆေးကုပေးထားတယ်
ဖာရူးနဲ့ဖောရူးက အဆင်ပြေတယ်
ဘာမှမဖြစ်ဘူး "

Jameနဲ့အတူကျားသစ်နက်တွေအပြင်၊
ကျားတွေပါရောက်နေသည်မို့ ထယ်ယောင်း
နာကျင်မှုကိုအံတုကာ ထလိုက်သည်။
ထိုအချိန်Jameလက်ထဲပွေ့ထားသော
သားကြီးကမေ့နေလေသည်။ဖိန်းရူးကတော့
ပြင်းပြင်းထန်ထန်ဒါဏ်ရာရထားသည်မို့
မထနိုင်သေးပါလေ။

" သား...ဒယ်ဒီ့သားလေး...ထပါဦးကွာ
သား ဒယ်ဒီတို့ဖေကူးကူးကိုကယ်ရဦးမယ်လေ "

Jameလက်ထဲရှိသားအားပွေ့ယူကာ
သူ့ရင်ခွင်ထဲထည့်ပိုက်ရင်းခေါင်းနာကျင်မှုကို
အံတုရင်း သားဖြစ်သူကိုသာလှုပ်နိုးလေသည်။

" အင့်....ဟင့်...ဖေဖေကူး... "

နားထင်ဘက်သွေးတွေစီးသော်ငြားလည်း
သူ့အဖေကူးကိုတမ်းတကာနိုးလာလေတဲ့
သားကြောင့် ထယ်ယောင်းမှာစိတ်ပူမှုတွေ
လျှော့ကြကာ သူ့သားကိုယ်ငယ်လေးကို
တင်းကြပ်စွာဖက်တွယ်ရင်းငိုနေလေသည်။

" ဒယ်ဒီမငိုနဲ့ ဖေကူးကူးနဲ့အတူမီးမီးလေးတို့ကို
ဖမ်းသွားတယ် ကယ်ရမယ်...သားတို့ကယ်ရမယ်
ဒယ်ဒီ သားတို့ဖေကူးကူးတို့ကိုကယ်ရမယ် "

ချက်ချင်းဆိုသလိုသူ့ဒါဏ်ရာကိုတောင်မူပါဘဲ
သူ့အဖေအားကယ်ဖို့တက်ကြွနေတဲ့သားရဲ့
နဖူးလေးအား ခပ်ဖွဖွအနမ်းပေးလိုက်ပြီး
သူစကားဆိုလေသည်။

" သားကအနားယူလိုက်..ဒယ်ဒီကိုယ်တိုင်
မင်းရဲ့ဖေကူးကူးနဲ့ညီလေးနဲ့ညီမလေးတွေကို
ကယ်ခဲ့မယ်ကွာ...ဒယ်ဒီ့ဖြစ်လည်းဂရုမစိုက်ဘူး
အရေးကြီးတာ ဒယ်ဒီ့အချစ်လေးတွေကို
ဘာမှမဖြစ်ဖို့ပဲ "

Kim's Bunny ( Completed )Where stories live. Discover now