CHAPTER - 10

2K 180 76
                                    

#Zawgyi

တစ်ပတ်ကျော်သွားခဲ့ပြီးနောက်မှာတော့ ကျားသစ်နက်ကြီးဟာ ယုန်ဖြူလေးနဲ့ လက်ဆက်ရတော့မည် ။ လွန်ခဲ့တဲ့ သုံးရက်လောက်အတွင်း ယုန်လေးရဲ့ မိတ်လိုက်ရာသီကမပြီးသည်မို့ ကျားသစ်နက်ကြီးရဲ့ အကြိုက်ပင်ဖြစ်ခဲ့သည် ။
ဒီကြားထဲ ကျားသစ်နက်ကြီးထယ်ယောင်းက
သူ၏ယုန်ဖြူလေးကို ချစ်ရှာပါသည် ။

ဘယ်လိုတောင်လဲဆို ယုန်ဖြူလေးရဲ့ မိတ်ရာသီရောက်တဲ့ညမှာ ယုန်ဖြူလေးထက်ဆိုးအောင် ချစ်ပြခဲ့တဲ့ ကျားသစ်နက်ကြီးပါလေ ။ အဲ့နေ့ညကစလို့ ကျန်သုံးရက်မှာလည်း ထိုကဲ့သို့ပင်ချစ်ပြခဲ့သည် ။

ဒီကြားထဲထယ်ယောင်းက လက်ဆက်ပွဲအတွက်
ပြင်ဆင်နေပြီမို့ နန်းတော်ထဲမည်သူတစ်ဦးတစ်
ယောက်ကိုမှ ပေးမဝင်ခိုင်းပါ ။
အကြောင်းကတော့ သူ့ယုန်ဖြူလေးကို သူကချစ်လို့ ရင်ခွင်ထဲထည့်ထားချင်ပေမဲ့ နန်းတွင်းရေးရာတွေရော၊လက်ဆက်ပွဲကိစ္စတွေပါ
လုပ်ဆောင်နေရသည်မို့ မအားတာပါ ။   အဓိက,က ယုန်ဖြူလေးနဲ့ပတ်သက်နေတဲ့ Suranနဲ့Jameကိုပေါ့ ။ Suranကိုတော့ ပြဿနာရှာမှာမို့သတိထားပြီးအဓိကမဝင်ခိုင်းခဲ့တာပါ ။ Jameကိုကြတော့ ယုန်ဖြူလေးကို ခိုးပြေးသွားမှာဆိုးလို့ပါလေ ။

" ယုန်ဖြူလေး ဘယ်သွားပြန်ပြီလဲကွာ၊ လက်ဆက်ပွဲနီးနေလို့ ဘယ်ကိုမှမသွားဖို့ မှာထားရက်နဲ့ "

စိတ်မချလို့ အခန်းဆောင်ထဲမှာတောင် သားသုံးကောင်လွှတ်ထားပေးပါတယ်ဆိုနေမှ
ဘယ်ကိုရောက်သွားလဲမသိ ။ ဆိုးတာက
သားသုံးကောင်က နှစ်နှစ်ချိုက်ချိုက်ကို အိပ်ပျော်နေခဲ့တာ ။

" ကူးကူးဒီမှာရှိတယ် ကင်မ် "

ဟော အသံလေးထွက်လာပါပြီ ။ ရေချိုးဆောင်ထဲကနေ ရေသံတောင်တစွန်းတစမျှ
မကြားရပါဘဲ အသံပေးနေတာ ။
ထယ်ယောင်း ရေချိုးဆောင်ထဲဝင်လိုက်တော့
ကူးကူးလေးက ကိုယ်ဗလာဖြင့် ရေချိုးကန်ထဲ
ဝင်စိမ်နေသည်တဲ့ ။

" ကိုယ်ရော ဝင်လာလို့ရမလား "

" အွန်း ! မြန်မြန်လာ ကူးကူးနဲ့တူတူချိုးမယ် "

ထယ်ယောင်းအမြန်ပင် အဝတ်အစားတွေချွတ်ကာ ကူးကူးလေးနဲ့အတူ
ရေဝင်စိမ်ရင်း သူကကန်ထောင့်ကိုမှီနေတော့ ကူးကူးလေးက သူကျော့ပြင်သေးလေးနဲ့ ကျွန်တော့်ရင်ခွင်ကိုမှီထားပါသည် ။

Kim's Bunny ( Completed )Where stories live. Discover now