CHAPTER - 11

1.8K 184 14
                                    

#Zawgyi

လှပပြန့်ဖြူးနေသော မြက်ခင်းပြင်ကြီးထဲတွင်
ကူးကူးလေးတစ်ယောက်
လျှောက်သွားနေမိသည် ။ နှုတ်မှလည်း သူ၏ချစ်ရသူအား တတွတ်တွတ်ခေါ်နေသည် ။

" ကင်မ် ! ကင်မ် ! ကူးကူး ဘယ်ရောက်နေလဲမသိဘူး၊ လာခေါ်ပါဦး ကင်မ်ရေ "

နှုတ်မှခေါ်သံပေးနေသော်လည်း သူ၏ချစ်ရသော ကင်မ်ကမရောက်လာတာမို့ ကူးကူးလေးဟာ
မျက်ရည်တို့ဝဲစပြုလာပြီ ။ ထိုအချိန် နားထဲ ဖြတ်ခနဲကြားလိုက်ရသည့်အသံ ထိုအသံဟာ ကင်မ့်အသံမဟုတ်တဲ့ မိန်းမပျိုတစ်ဦး၏အသံ ။

" သားကူးလေး၊ မေ့သားကူးလေး.... "

" မေ..မေ...မေမေလားဟင် ? "

ထိုအသံဟာ အမေဖြစ်သူ၏ အသံဖြစ်တာကြောင့် ပတ်ရှာစဉ် ကူးကူးလေးရဲ့အမေဟာ မြက်ခင်းပြင်၌ထိုင်ကာ ကူးကူးလေးအား ခေါ်နေလေသည် ။

" မေမေ ! သားကို မွေးတဲ့မေမေလား၊ မေမေ ဟုတ်ရောဟုတ်ရဲ့လား "

" ဟုတ်ပါတယ်ရှင်၊ ကျွန်မက ရှင်လေးကို မွေးထုတ်ထား--- အင့် ! မေ့သားကူးလေး
အခုထိအသက်ရှင်နေသေးလို့ တော်ပါရဲ့ "

အမေဖြစ်သူက စကားတောင်မဆုံးသေး ဝမ်းသာစွာဖြင့် ပြေးဖက်လေတဲ့ကူးကူးကြောင့်
ကူးရဲ့အမေဟာ ဝမ်းသာစွာသူ့သားလေး အန္ဒာရယ်ကင်းပုံကို စိတ်ချနေသည် ။

" ကူးကူးကို ကင်မ်စောင့်ရှောက်တယ် မေမေ "

" မေမေသိပါတယ် ကလေးရယ်၊ မေမေ့သားကို
မေမေက မကာကွယ်ခဲ့နိုင်လို့အားနာနေတာ၊ ဒါပေမဲ့ သားကူးလေး မေမေက အခုဆို သားကို စိတ်ချလို့ရနိုင်တာဆိုလို့ ခဏတာပဲရှိသေးတာ၊
ကျားသစ်နက်က သားအပေါ်မေတ္တာမျှနေတယ်
ဆိုတာမေမေသိတယ်၊ ဒါပေမဲ့ သားကို
သိပ်မကာကွယ်နိုင်ဘူးဆိုတာ မေမေမြင်နေတာ၊
ဒီတော့သတိထားနော်၊ သားမှာရှိတဲ့ စွမ်းအားတွေက လုံလောက်တယ်၊ သေချာကာကွယ်ပါ ကူးလေး.... "

အမေဖြစ်သူဟာ သားဇောနဲ့ စိတ်ပူစွာပြောနေသည်မို့ ကူးကူးလေးမှာ သေချာနားထောင်နေသည် ။

" မေမေ ကူးကူးက ကျိန်စာမိတာလား၊ ကူးကူးဘေးကလူတွေအကုန်သေကုန်တယ်၊
ကူးကူးရဲ့ကင်မ်ပါသေသွားရင်
ဘယ်လိုလုပ်မလဲ ကူးကူးကြောက်တယ်မေမေ "

Kim's Bunny ( Completed )Where stories live. Discover now