CHAPTER - 5

2.5K 250 135
                                    

( Zawgyi )

ကူးကူးလေးတစ်ယောက် သူ့ကင်မ်ကိုကြည့်ကာ ဝမ်းနည်းနေပေမဲ့ သူချစ်ရတဲတြစ်ယောက်သော ထယ်ယောင်းကတော့ ထိုနေရာတွင် စကားဆက်ပြောနေခြင်းဖြစ်သည် ။ သူလည်း ဆက်မကြည့်နိုင်တော့မှာလို့ အိပ်ဆောင်ဘက်ကို ထွက်လာတော့သည် ။ ဒါကိုတော့ တစ်စုံတစ်ယောက် သတိထားမိပါသည် ။

" အာ... ဟုတ်သားပဲ ၊ ကူးကူးက ကင်မ် မွေးထားတဲ့ ယုန်တစ်ကောင်ပဲ ! အဲ့တော့ ကူးကူးအောက်မှာ အိပ်သင့်တယ် "

ထယ်ယောင်းကို အားနာနေသည့်ယုန်ဖြူလေးက ဖာရူးတို့အိပ်နေကြနေရာမှာ ဖာရူးတို့နဲ့အတူ ဝင်ကွေးအိပ်နေသည် ။ ခဏကြာတော့ အခန်းထဲကို ဝင်လာတဲ့သူဟာ ဖိနပ်သံတို့ထွက်နေတာကြောင့် ဖိန်းရူးကထကြည့်တော့ ထယ်ယောင်းက လက်ချောင်းကိုသူ့ပါးစပ်နားကပ်ကာ တိုးတိုးနေဆိုသည့် အမူအရာလေးကို လုပ်ပြလိုက်သည် ။ ပြီးနောက် သူ့ရဲ့ယုန်ဖြူလေးကို ကြည့်ကာ ပြုံးနေသည် ။

သို့သော်ငြား မျက်နှာလေးများရဲတွတ်နေတာကြောင့်
ဘာများဖြစ်ထားတာလဲဟု စိတ်ဖတ်လိုက်တော့ ထယ်ယောင်း ရင်ထဲဆစ်ခနဲ နာကျင်မှုက တိုးဝင်လာသည် ။ ယုန်ဖြူလေးက သူ့ကြောင့်နဲ့ ငိုထားရတယ်တဲ့ ။ သူက Suranနဲ့ကိစ္စအတွက် အားနာနေတာကြောင့် ဒီလိုနေရာမှာ လာအိပ်နေသတဲ့ ။

" သူမ,နဲ့ ယုန်ဖြူလေးနဲ့ဆို ကိုယ်က မင်းကိုပဲရွေးချယ်မှာ ယုန်ဖြူလေးရဲ့ ! ခုနကလည်း ကိုယ့်ရဲ့စိတ်ကိုစမ်းလိုက်တာမို့ မင်းနာကျင်သွားမယ် ဆိုတာ ကိုယ်သိပါတယ် ။ မင်းကိုတော့ ကိုယ်က အထိအခိုက်မခံနိုင်ဘူး ! သူမမှာ အကြံအစဉ်တွေရှိတယ် ! ပြီးတော့ မင်းမသိနိုင်သိပေမဲ့ မင်းကအစောကထည်းက ကိုယ့်အပိုင်ပဲ ။ မင်းမကြားနိုင်လည်း ကိုယ်ကြိုပြောထားပါရစေ ချစ်တယ် ယုန်ဖြူလေး "

အစောကထည်းက သူ့အပိုင်ဆိုသည်က ယုန်ဖြူလေးရဲ့လည်တိုင်ကို သူအမှတ်အသား ပြုလုပ်လိုက်ကထည်းက ယုန်ဖြူလေးနဲ့ ပတ်သက်သမျှကို သူကအကုန်သိပါသည် ။ ကုန်ကုန်ပြောရရင် ယုန်ဖြူလေးရဲ့ အန္ဒာရယ်တွေကို သူကြိုမြင်နိုင်သည်မို့ပါ ။

" ဝေါင်း ! ဝေါင်း ! "

" မင်းနဲ့မဆိုင်ဘူး ကျစ် ! "

Kim's Bunny ( Completed )Where stories live. Discover now