CHAPTER - 6

2.3K 224 76
                                    

( Zawgyi )

" ဖိန်းရူး ! ဟိုနေ့ကလေ ကူးကူးကို ကင်မ်က နှုတ်ခမ်းချင်းလာထိတယ် ။ အဲ့ဒါကလေ ကိုယ်သဘောကျတဲ့သူကိုမှ ထိရတာတဲ့ ။ ကူးကူးကိုရော ကင်မ်ကသဘောကျနေလား ။ " 

လွန်ခဲ့တဲ့၂ရက်လောက်က ဈေးထွက်ဝယ်တုန်းက အကြောင်းကိုပြောပြာရင်း သူ့ကိုကင်မ်က နမ်းလိုက်သည့်အကြောင်းကို ရေရေရာရာမသိပါဘဲ
နှုတ်ခမ်းချင်းထိတယ်လို့ ပြောပြနေတဲ့ကူးကူးကြောင့်
ဘာမှနားမလည်တဲ့ဖိန်းရူးက ခေါင်းတငြိမ့်ငြိမ့်ပင် ။

" ယုန်ဖြူလေးရေ.... "

" ဟာ... ကင်မ် ! သူ့လက်ထဲကဘာကြီးလဲ ။ ကူးကူးကို မလိုချင်တော့လို့ နောက်တစ်ကောင်
ခေါ်လာတာလား ။ "

ထယ်ယောင်းအနောက်က အထိန်းတော်ကြီးရဲ့ လက်ထဲတွင်ပါလာသော ယုန်ဖြူတစ်ကောင်အား
လက်ညိုးထိုးပြတော့ ထယ်ယောင်းကရယ်ရင်း
ငြင်းရပါသေးသည် ။

" မဟုတ်ပါဘူးကွာ ။ ယုန်ဖြူလေးအဖော်ရအောင်
ကိုယ်က ယုန်ထီးလေးတစ်ကောင် ဝယ်လာပေးတာ ။
လာ ! ဥယျာဉ်တော်ထဲမှာ သူနဲ့ဆော့လေ ။ ကိုယ် ထိုင်စောင့်ကြည့်ပေးမယ် ။ "

တိုင်းပြည်ရေးရာအခြေအနေအတွက်ကို နောက်မှဦးစားပေးနေသော ထယ်ယောင်းမှာ သူ၏ယုန်ဖြူလေးကို ဘယ်လောက်တောင် ဦးစားပေးလွန်းပါလဲ ။ ဒါကတော့ ချစ်လွန်းလို့ သူကိုယ်တိုင်အလိုလိုက်ထားသည်ပေါ့ ။

ဥယျာဉ်တော်ထဲရောက်တော့ ကူးကူးလေးဟာ ယုန်အသွင်လေးဖြစ်သွားကာ ဆော့နေတော့ ထယ်ယောင်းက သူ့သားတွေနဲ့အတူ ခုံ၌ထိုင်ကာ အနီးနားကနေ စောင့်ကြည့်နေလေသည် ။
ဘယ်လောက်တောင် အဖော်မက်လည်းမသိတဲ့ ယုန်ဖြူလေးက ထိုယုန်ကောင်ကို
ခင်တွယ်နေပုံပါပဲ ။ ခဏကြာတော့ ဆော့နေရင်း ဟိုဘက်ကယုန်ကောင်က မူမမှန်လာသည့်ပုံစံကြောင့်
ထယ်ယောင်း သေချာစောင့်ကြည့်ရင်း ဖာရူးကို အနားသွားခိုင်းလိုက်သည် ။

ထိုယုန်ကောင်ဟာ ကူးကူးထိုင်နေသည်ကိုမရပါဘဲ အတင်းကပ်တွယ်နေသည်မို့ ကူးကူးမနေတက်တော့ပါ ။ အဆိုးဆုံးက သူ့အမွှေးနုနုတွေကို လိုက်ပြီး
ပွတ်သပ်နေတာကိုပေါ့ ။ ဒါကိုတော့ ထယ်ယောင်းလုံးဝအလိုမကျပါလေ ။

Kim's Bunny ( Completed )Where stories live. Discover now