CHAPTER - 16

2K 175 49
                                    

#Zawgyi

ညအချိန်အတော်လင့်နေပြီဖြစ်သော်လည်း
အချော့လွန်နေတဲ့နှစ်ယောက်ကတော့
မပြီးသတ်နိုင်သေးသော အလုပ်ကိုဆက်ရင်း
နောက်ဆုံးမှာတော့ ကျားသစ်နက်ကြီးဟာ ယုန်ဖြူလေး၏ ကိုယ်ငယ်ထဲ၌ပင် ပြီးဆုံးခြင်းဖြစ်သွားသလို၊ ထယ်ယောင်းလည်း
ကူးကူးလည်တိုင်ကို တဖန်ပြန်အမှတ်အသား
ထင်းနေအောင်မှတ်လိုက်ကာ ကူးကူးကိုယ်တိုင်လည်း ထယ်ယောင်းရဲ့လည်တိုင်အား ပြန်လည်အမှတ်ပေးလိုက်သည် ။

ပြီးနောက်မှာတော့ ထယ်ယောင်းရဲ့ ကျယ်ပြန့်နေတဲ့ရင်အုပ်ကျယ်ထဲ
ကူးကူးလေးကတိုးဝင်ကာ ချွဲပိုနေပါသည် ။

" ကင်မ့်ကို ကူးကူးလွမ်းနေတာ "

" ကိုယ်က ဒီဟာလေးကိုပိုလွမ်းနေတာ၊
ချစ်တယ်.... ချစ်တယ်ကိုယ့်ယုန်ဖြူလေး "

ခရမ်းရောင်ဆံပင်လေးတွေအား သပ်တင်ပေးရင်း
ခပ်ဖွဖွလေးနှုတ်ခမ်းနဲ့ပွတ်ဆွဲကာ နမ်းလေတော့
ရယ်သံလေးများ ထွက်ဟလာသည် ။

" ခစ်ခစ်...ကင်မ်...ကူးကူးယားတယ်လို့... "

" ဟမ် ? ဒါလေးက ကလေးအဖေလေးတဲ့လား?
မထင်ရဘူးကွာ ! ကိုယ့်ကိုအသည်းယားအောင်
လုပ်နေတာလားကွာ...ကိုက်စားချင်လိုက်တာ "

ထယ်ယောင်းက ရယ်သံပိုင်ရှင်လေးအား
အသည်းယားမိတာကြောင့် သူပိုလို့ပင်
ယုန်ဖြူလေးအား တစ်စစီဆွဲစားချင်မိသည်အထိ
သူယုန်ဖြူလေးကို ချစ်လည်းချစ်သလို၊
အသည်းယားမိပါသည် ။

" ကင်မ်~ သားက ကင်မ်နဲ့တူတယ်။ ကူးကူးနဲ့
သမီးလေးကို သူကဒယ်ဒီမရှိတုန်းကာကွယ်မယ်
ဆိုတာ အမြဲပြောတယ်။ ကူးကူးကိုလည်း
သိပ်ချစ်တာပဲ ကင်မ်ရဲ့ "

" ဒီကကင်မ်က ယုန်ဖြူလေးကိုချစ်လို့ ကိုယ်နဲ့တူတဲ့သားက ကိုယ့်ချစ်တဲ့ယုန်ဖြူလေးကို
အရမ်းချစ်တာဘယ်ဆန်းမလဲ ယုန်ဖြူလေးရယ် "

ထယ်ယောင်းက လည်တိုင်လေးကြား
အနမ်တွေပြန်လည်ပေးရင်း ကူးကူးရဲ့
ဖြူဖွေးပေါ်လွင်နေတဲ့ ရင်ဘက်ပေါ်သို့
သူ၏ အပိုင်ဆိုသည့်အမှတ်အသားပေါ်နေအောင်
ထပ်မံပေးလိုက်သည် ။

" ယုန်ဖြူလေး ကိုယ်တို့ခဏလောက် ထပ်ခွဲကြရမယ်ဆိုတာသိလား။ ကိုယ်တို့သမီးလေးက ယခုလက်ရှိမှာ အန္ဒာရယ်သိပ်များတယ်။ ကိုယ်တို့သမီးလေးကို
လိုချင်တဲ့သူကရှိကိုရှိနေတာ "

Kim's Bunny ( Completed )Where stories live. Discover now