CHAPTER - 9

2.2K 193 20
                                    

#Zawgyi

တောင်ဘက်လေမှတိုက်ခတ်လာသော လေညင်းလေးတို့ကြောင့် ဒေစီပန်းခင်းကြီးထဲရှိ
ဒေစီပန်းလေးတို့ဟာ တယိမ်းယိမ်းဖြစ်နေသည် ။

ထိုပန်းခင်းထဲတွင်တော့ ကျားသစ်နက်ဘုရင် ကင်မ်ထယ်ယောင်းဟာ ယခုချိန်တိုင်းပြည်မှာ ရှိနေရမဲ့အစား၊ ပန်းခင်းတွေကြားထဲလှဲချကာ
သူ၏လက်မောင်းပေါ်တွင် ခေါင်းတင်ရင်း ရယ်မောနေတဲ့ သူ၏ကြင်ယာတော်ယုန်ဖြူလေးနဲ့
ကြည်နူးနေပါသည် ။

" ကင်မ် ကူးကူးတို့မပြန်သေးဘူးနော်၊ ကူးကူးဒီမှာနေရတာ ပျော်တယ် "

လက်ပေါ်မှာအိပ်နေရာကနေ သူ့အိပ်နေတဲ့အပေါ် တက်ထိုင်ကာ ရင်ဘက်ပေါ်ခေါင်းလေးတင်ရင်း
ပြောနေပုံက ကျားသစ်နက်ကြီးထပ်စားဖို့အတွက်
လုံလောက်နေပြီလား ။

" အင်း ကိုယ်တို့မပြန်သေးဘူး၊ ယုန်ဖြူလေး ကြိုက်တဲ့အထိနေလို့ရတယ် "

ယုန်ဖြူလေးရဲ့စကားကို တသွေမသိမ်းနားထောင်တဲ့ ကင်မ်ထယ်ယောင်းကြီးက
တကယ့်ကိုလိမ္မာတဲ့ ကျားသစ်နက်ကြီးပေါ့ ။

" ခစ်ခစ် ကင်မ်ကတော်လိုက်တာ "

" ကိုယ့်ကိုနမ်း ! တော်တယ်ဆို ဆုချတဲ့အနေနဲ့
နမ်းလိုက်ပါ "

ထယ်ယောင်းက လူလည်ကျကာ ကူးကူးလေးကိုနမ်းခိုင်းသည် ။ ဒါကိုကူးကူးလေးက လူလည်ကြနေသည့် ထယ်ယောင်းအကြံကိုမသိပါဘဲ နှစ်ချိုက်စွာ
နှုတ်ခမ်းကိုနမ်းတော့ အားမရတဲ့ထယ်ယောင်းက
ပိုလို့ကိုစုပ်နမ်းတော့သည် ။

ထိုအချိန်နမ်းနေချိန်တွင်း မြင်းတွေလာသည့် အသံကိုကြားတဲ့ ထယ်ယောင်းရောကူးကူးရောက
နမ်းနေရာမှဖယ်ကာ ထရပ်လိုက်ကြသည် ။
မြင်းစီးလာတဲ့သူတွေထဲကမှ မင်းမှုထမ်းတစ်ယောက်က ထယ်ယောင်းရှေ့လာကာ အရိုအသေပေးရင်း
စကားဆိုသည် ။

" အရှင့်ရဲ့နန်းတော် ပြန်လည်ဆောက်ပြီးပါပြီ၊
ပြီးတော့လည်း အရှင့်ကိုတွေ့ဖို့ မင်းသမီးSuran
စောင့်နေပါတယ်၊ အရှင်Jameရောပါပါတယ် "

ထယ်ယောင်းရဲ့အမှုထမ်းပြောသွားတဲ့ စကားတွေကြောင့် ခဏတာမျှတွေဝေသွားသည် ။
ကူးကူးလေးက ဒီမှာနေချင်သေးတာ၊ ပြီးတော့လည်း ပြန်လည်ဆောက်တည်ထားတဲ့
သူ့နန်းတော်အပြင် တိုင်းရေပြည်ရေးကိစ္စကို မတွေးမိတာကြောင့် ထယ်ယောင်း အခက်တွေ့ရပြီ ။ ထိုအချိန်ကူးကူးလေးက
နားလည်သည့်ပမာ ဖြေလာသည် ။

Kim's Bunny ( Completed )Where stories live. Discover now