CHAPTER - 7

2.4K 229 139
                                    

( Zawgyi )

" ဝေါင်း ! "

" အား !!! ဝူးးးး "

ထယ်ယောင်းရဲ့မျက်ဝန်းတွေ ဒေါသကြီးနေဟန်ကြောင့် နီရဲနေသည် ။ ထိုဝံပုလွေမကလည်း ထယ်ယောင်းမှန်းသိတာမို့
တဖြည်းဖြည်းနောက်ဆုတ်သွားသည် ။ ဒါ့အပြင်
ဘေးရှိjameကလည်း ဝံပုလွေနားကိုကပ်လာပြီမို့
ထိုဝံပုလွေမဟာ အခြေအနေမဟန်သည်ကို ရိပ်မိတာကြောင့် စတင်ထွက်ပြေးလေပြီ ။ ဒါကို ထယ်ယောင်းရော၊jameပါလိုက်လေတော့ ထိုဝံပုလွေမက သူမတူသောစွမ်းအားသုံးကာ ချောင်တစ်ခု၌ ကိုယ်ရောင်ဖျောက်ကာ
ပုန်းနေသည် ။ ထယ်ယောင်းက ထိုဝံပုလွေမပုန်းနေသည်ကို သတိထားမိသော်လည်း
သူမ၏ရနံ့အားမှတ်မိတာကြောင့် လိုက်ရှာချင်ပေမဲ့
နန်းတော်ထဲကျန်ရှိနေသေးသော ယုန်ဖြူလေးထံ ပြန်သွားတော့သည် ။

သိုသော်ငြားပုန်းနေတဲ့ ဝံပုလွေမဟာ ဆိုးသည့်အသွင်ကနေ၊လှပတဲ့Suranအဖြစ်သို့ ပြန်လည်ပြောင်းသွားကာ ထွက်သွားတဲ့ ထယ်ယောင်းတို့ကိုကြည့်ရင်း သူစိတ်ထဲ၌ စကားဆိုသည် ။ အခန့်မသင့်ရင် သူ့အသံကြောင့်
ထယ်ယောင်းတို့ ပြန်လှည့်လာနိုင်သည်မို့ပါ ။

* ထယ် ! ငါနင့်ကိုလိုချင်တယ် *

မျက်ရည်တွေကြားက ထိုစကားဆိုကာ သူမ၏လှပသည့် ဝံပုလွေအဖြူအသွင်ဆောင်ရင်း သူမ၏ဌာနီသို့ ပြန်လာတော့သည် ။

.

.

.

ထယ်ယောင်းတို့နှစ်ယောက် နန်းတော်ဘက် ပြန်ရောက်တော့ မေ့လဲနေသောယုန်ဖြူလေးမှာ လူအသွင်ကနေ ယုန်ဖြူလေးအသွင်ဖြစ်နေသည် ။
သားတော်တွေကလည်း တကယ်စိတ်ချရသည် ။
သူဝံပုလွေမနောက်လိုက်သွားတော့ ယုန်ဖြူလေးရဲ့ ပုံစံလေးကို ဘယ်သူ့မှမမြင်အောင် ကာထားသည်ပေါ့ ။ သူလူအသွင်ပြောင်းတော့ ဘောင်းဘီကောက်ဝတ်လိုက်ရင်း ယုန်ဖြူလေးနား လာကာ ကောက်ပွေ့လိုက်သည် ။

" ထယ်ယောင်း ? ယုန်ကလေး ဘာဖြစ်-- ဟင် ?
ဘယ်လိုဖြစ်လို့ ယုန်ဖြစ်သွားတာလဲ "

" အဲ့လိုပဲ... သူကြောက်ရင် ဒီအသွင်ပြောင်းတာ "

အပြေးရောက်လာသော jameမှာလည်း ထယ်ယောင်းပွေ့ထားတဲ့ယုန်လေးကိုမြင်တော့ အံ့ဩသွားတာကြောင့် မေးလိုက်သည် ။ ဘာကြောင့်များ ဖြစ်သွားပါလဲပေါ့ ။ မေးကြည့်မှ သူကြောက်သွားတာတဲ့လေ ။

Kim's Bunny ( Completed )Where stories live. Discover now