CHAPTER - 15

2K 198 96
                                    

#Zawgyi

ထိုညက ယုန်ဖြူလေးကို စိတ်ချစွာဖြင့်
ယူရိုင်းတောထဲဖွက်ထားပြီးနောက် သူ့မှာ
ကင်မ်နန်းတော်သို့ အသွင်းပြောင်းရင်း
ပြေးပြန်လာကာအခြေအနေတွေထက် ကျူးကျော်သူတွေကို တိုက်ထုတ်ရမည် ။

နန်းတော်ကိုပြန်ရောက်တော့ သူ့သားတော်တွေက
ယုန်ဖြူလေးပြောနေကြ ခွေးဆိုးကြီးနဲ့အတူ
တိုက်ခိုက်နေရသည် ။ အကောင်းချင်းအရွယ်အစား
ညီမျှသော်လည်း စွမ်းအားကြီးသောခွေးဆိုးကြီးက
စွမ်းအားရော၊တိုက်ခိုက်ရည်ပါပေါင်း၍ တိုက်ထုတ်နေသည် ။

သူကိုယ်တိုင်လည်းထိုခွေးဆိုးအား
တိုက်ခိုက်ဖို့အနားသွားစဉ် ဖာရူးက
မတိုက်ခိုက်ရန်ဟန်ပြတော့ သူကိုယ်တိုင်က
ဘေးနားရှိ ကျူးကျော်သူတွေအား တိုက်ခိုက်သည် ။

" ဝေါင်း ! "

ထိုအချိန်ဖာရူးက တိုက်ခိုက်ရင်းထိခိုက်သွားကာ
လွင့်စင်ထုတ်လာတော့ သူ့မှာစိတ်ပူကာ အနားသွားခေါ်ရင်း ဒါဏ်ရာရသော ဖာရူးကို
ခေါ်သွားမည်ကြံတုန်း ဖောရူးရော၊ဖိန်းရူးပါ
ထိခိုက်သွားတာကြောင့် သူကိုယ်တိုင်လည်း
ဝံပုလွေတစ်ကောင်၏ လွှဲရိုက်ခြင်းကို
ခံလိုက်ရတာမို့ လဲကျသွားချိန် ထယ်ယောင်းကို
ဝိုင်းချုပ်ထားစဉ် ဝေဝါးနေတဲ့မျက်ဝန်းက
ဘာမှမမြင်ရတော့ဘဲ သူ့ရှေ့တစ်စုံတစ်ယောက်
ရောက်လာကာ မြှားနဲ့လည်ပိုင်းကို
ထိုးစိုက်လိုက်တာကြောင့်မို့ သူကိုယ်တိုင်လည်း
သူ့လူတွေနဲ့အတူ အမှောင်ဘက်သို့ကြီးစိုးကာ
မေ့မြောသွားပါသည် ။

ထိုနေ့ကစလို့ ထယ်ယောင်းမှ နိုးလာကထည်းက
လောကကြီးက အသစ်စက်စက်ဖြစ်သလို
သူ၏သားတော်တွေလည်း စိတ်သစ်တွေလိုမျိုး
ဖြစ်သွားကြတာဖြစ်သည် ။

" အင်း.... ကိုယ့်ယုန်ဖြူလေး.... အ့ "

ထယ်ယောင်းနိုးထလာသည်က နူးညံ့အိစက်သော
မွှေ့ယာထက်ဝယ် ထိုအကြောင်းတွေပြန်မြင်ယောင်ကာ
သူ၏တောင်းတနေသော ယုန်ဖြူလေးကိုလည်း
သတိရမှတ်မိနေလေပြီ ။

" ထယ်ယောင်း အဆင်ပြေရဲ့လား၊
မင်းဘယ်နေရာတွေ ထိခိုက်သေးလဲ "

Kim's Bunny ( Completed )Where stories live. Discover now