( Zawgyi )
ဟိုးလွန်ခဲ့တဲ့နှစ်တွေတုန်းက ဟူရိန်းလို့ခေါ်တဲ့ မြို့တစ်မြို့မှာ ညပိုင်းတွင် ကျားသစ်နက်တို့ သောင်းကျန်းကြသည်တဲ့ ။ ထိုကျားသစ်နက်တို့ဟာ တစ်ချို့ကျားသစ်တွေထက် စွမ်းအားရှိသည် ။ ကျားသစ်နက်တို့က အသားမျိုးစုံစားသော်ငြား ယုန်သားကိုတော့ လွန်စွာနှစ်သက်ကြသည် ။
ဒါကြောင့် ညညဆိုတောထဲမှာ ကျားသစ်ရှာရင်ရှာ ၊ မဟုတ်ရင်တော့ မြို့တွေထဲအထိ သွားရောက် စားသောက်ကြသည်လေ ။" ဒီနေ့လည်း ဘုရင်ကင်မ်ကိုဆက်သဖို့ ယုန်သားမရပြန်ပါလားကွာ ! "
" သေချာတာတော့ ငါတို့တော့ တကယ်အသတ်ခံရမှာပဲ... "
ထိုကျားသစ်နက်တို့ဟာ သိပ်ကို ခေါင်းစားနေကြသည် ။ အစားရွေးလွန်းတဲ့ သူတို့၏ခေါင်းဆောင်တစ်ဦးအဖြစ်ထင်ရှားသော ကင်မ်ထယ်ယောင်းကိုဆို သိပ်ကြောက်ရပါသည် ။ ဘာလို့ဆို ယုန်သားကိုလွန်စွာနှစ်သက်သလို မရရင်တောင် မဖမ်းမိခဲ့တဲ့သူက သေလမ်းကို ရွေးရတာမို့ ကြောက်ရတဲ့အထိပါလေ ။
" သေလည်းသေပါစေတော့ကွာ ငါတို့ကသေရင်တောင် ရိုးရိုးကျားသစ်နက်တွေ ဖြစ်သွားမှာပဲကို ဒီတော့ဘုရင်ကြီးရှေ့ အသေခံရုံပဲပေါ့ "
" အေး ! ကောင်းပြီကွာ ! "
သည်လိုနဲ့ ကျားသစ်နက်အုပ်စု ကင်မ်တိုင်းပြည်ကို ပြန်ရောက်တော့ မြင့်မားလှတဲ့ပုလ္လင်ပေါ်မှာထိုင်ကာ တော်ဝင်ဝတ်စုံအနက်စွေးစွေးကိုဝတ်ပြီး အပေါ်က အနက်ရောင်ဝတ်ရုံရှည်ကိုဝတ်ကာ အနီရောင်စိန်များစီချယ်ထားသော သရဖူအနက်ရောင်ကိုဆောင်းထားကာ ရှေ့ရှိ ကျားသစ်နက်တစ်ကောင်ပေါ်ကို ခြေတင်ကာ အိပ်နေသတဲ့လေ ။
" ဘုရင်ကြီးကင်မ်ကို အရိုအသေပေးပါတယ် "
အစေအပါးတွေက ဒူးတစ်ဖက်ထောက်ကာ အရိုအသေးပေးနေသော်ငြားလည်း အသံတောင်မပေးပါဘဲ ငြိမ်နေသေးသည် ။ သို့သော်ငြား အစေအပါးထဲမှတစ်ယောက်က အကျိုးအကြောင်းပြောပြဖို့ အားယူလိုက်သည် ။
" ဒီနေ့လည်း ယုန်မရလာပါဘူး ဘုရင်ကြီးကင်မ် "
ထိုစကားအဆုံး ကျားသစ်နက်ဘုရင်၏ မျက်ဝန်းတို့ ပွင့်လာပါသည် ။ ဘုရင်၏မျက်ဝန်းဟာ နဂိုက အနီရောင်ဖြစ်သည်မို့ ဒေါသထွက်ရင်တောင် အနီရောင်ဟာ ပို၍တောက်ပလာသည် ။
YOU ARE READING
Kim's Bunny ( Completed )
FanfictionTop - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK #Crd Photo to the owner ဘယ်ကမှန်းမသိရောက်လာတဲ့ ယုန်ပေါက်လေးကို ချစ်မိသွားတဲ့ ကျားသစ်နက်ဘုရင်ကင်မ်ထယ်ယောင်း ။ ဘယ်ကမှန်းမသိရောက်လာတဲ့ ယုန်ပေါက်လေးကို ချစ်မိသွားတဲ့ ကျားသစ်နက်ဘုရင်ကင်မ်ထယ်ယောင်း ။