CHAPTER - 18

1.7K 156 51
                                    

#Zawgyi

သာယာသောဥယျာဉ်လေးထဲ ဟိုးအရင်ကထယ်ယောင်းတို့
ကြင်ယာဖက်ရှာခဲ့တယ်ဆိုပြီး
ကူးကူးလေးကိုကျားသစ်နက်စားတဲ့
တောထဲကအိမ်တော်ကြီးထဲရောက်
နေခြင်းဖြစ်သည်။အခုကတော့
ပန်းခန်းထဲကအိမ်လေးကိုလုံခြုံအောင်
ထယ်ယောင်းနဲ့ကူးကူးကပေါင်း၍
စွမ်းအားတွေပေါင်းစပ်ကာ
သူ့ကလေးတွေလုံခြုံအောင်
ကာကွယ်ထားသည်ဖြစ်သည်။

" ကင်မ်ရေ!ကူးကူးဗိုက်ဆာရယ်!
တစ်ခုခုလုပ်ပေးပါ ကင်မ်ရယ် ! "

ယခုဆိုရင်တော့ ၉လထဲဝင်လာတဲ့
ဗိုက်ပူလေးကူးကူးဟာ ယောကျာ်းဖြစ်သူ
ထယ်ယောင်းအား မျိုးစုံခိုင်းပါသည်။
အသားလေးဖမ်းကင်ပြီး အရွက်တွေနဲ့
စားနေရတာမို့ သေချာသည်က
ဒီတစ်ခါလည်းကျားသစ်နက်လေးပါ
အစစ်ထပ်ပါဦးမည်လေ။

" ဗိုက်ထဲကပေါက်စလေးတွေဟာလည်း
အရမ်းစားတယ် ယုန်ဖြူလေးရာ "

" ဘာလဲ? ကင်မ်က ကူးကူးတို့ကို
ညိုငြင်တာလား "

ကူးကူးကနှုတ်ခမ်းလေးဆူကာ
ပြောလိုက်တော့ ထယ်ယောင်းမှာ
ကလေးအဖေလေးကိုသေချာချော့မြူ
ရပါသည်။

" စိတ်မဆိုးပါနဲ့ကွာ၊ကိုယ်ကဒီယုန်ဖြူလေးကို
ဘယ်တော့မှမညိုငြင်ရက်ပါဘူး၊ချစ်လွန်းလို့
ထပ်ပြီးငုံထားမတက်ကိုသိပ်ချစ်တာ "

" ဟွန်း! ပြောတာပဲ၊ကလေးလေးတွေ ထွက်လာလို့ ကူးကူးကနေရာပျောက်ရင်
ကူးကူးအများကြီးစိတ်ကောက်မှာကင်မ့်ကို "

ထယ်ယောင်းကတော့ ယခုလိုချွဲချွဲလေးပြောတဲ့
ယုန်ဖြူလေးကိုသိပ်ချစ်သည်မို့ သူ့မှာညိုငြင်စရာ
လည်းတစ်စိုးတစ်စိမျှမရှိသလို အချစ်တွေပိုနေရ
ပါသည်လေ။

" ဒယ်ဒီ ! သားကိုကူပါဦး၊သားဟိုနားက ပန်းခြံနားအကျော်ကနေရာမှာ ခွေးနက်ကြီး တွေ့လိုက်တယ် ဒယ်ဒီ.... "

ထယ်ယောင်း သူ့သားစကားကြောင့်
ဘေးဘီဝန်းကျင်ကိုကြည့်လိုက်သည်။
သူရောယုန်ဖြူလေးရော နှစ်ယောက်သား
မျက်နှာချင်းဆိုင်ကြည့်လိုက်ပြီး ခေါင်းအသာ
ငြိမ့်ကြရင်း အချက်ပေးနေကြသည်။

Kim's Bunny ( Completed )Where stories live. Discover now