#Zawgyi
ပေါက်စလေးတွေအားမွေးဖွားပြီးသည့်
နောက်နေ့မနက်တွင်ကူးကူးလေးက
ကုတင်ထိပ်တွင်ခေါင်းအုံးခံ၍မှီကာ
သားပေါက်လေးကိုပွေ့ကာချော့မြူသည်။" အဲ့...အဲ့.... "
" သားငယ်လေးက ဖေကူးကူးနဲ့ပုံတူလေးပါလား
အားယား...ဖေကူးကူးချစ်လိုက်တာ... "သားပေါက်လေးကကူးကူးနဲ့တူသည်။
ခရမ်းလုံးလေးလိုပင်။မျက်ဝန်းလေးကလည်း
ကူးကူးအတိုင်ပင် ခရမ်းရောင်လေးတွေ။
သားလေးကမွေးကထည်းက စွမ်းအားပေါင်းပြီး
မွေးလာသည်မို့တကယ့်ကိုသတိထားရမှာတော့
အမှန်ပင်။သားကိုချော့သိပ်ပြီးနောက် ဘေးမှာချကာ
သမီးလေးကိုကောက်ပွေ့တော့
ကူးကူးအပြုံးတွေမရပ်နိုင်သည်အထိကို
ပြုံးလိုက်သည်။" ဒါလေးက ဒယ်ဒီ့ရုပ်လေးပေါ့နော်၊
အာရီးဂူး! ကူးကူးရဲ့ကလေးလေးတွေက
ချစ်စရာကြီးတွေပဲ။ကူးကူးကဖြင့်
ဒီလိုလေးတွေကို အသည်းယားတာ
မရပ်နိုင်တော့ဘူးရယ် "ထို့နောက်တွင်တော့သမီးကိုပါဘေးချကာ
ကိုယ်တိုင်နှစ်ယောက်လုံးကို
မွှေးကြူလိုက်သည်။ပြီးနောက်ဖာရူးနဲ့ဖောရူး
လည်းရှိသည်မို့ ခဏထကာအညောင်းပြေအောင်
လမ်းလျှောက်နေသည်။" အူငဲ...အူငဲ...အူငဲ.... "
ကင်မ့်ရဲ့အဆိုးအဆာငယ်ဆုံးသားလေးက
ထငိုသည်မို့ကူးကူးပွေ့ချီတော့သားငယ်က
ကူးကူးအား တခစ်ခစ်နဲ့ရယ်ပြသည်။
ကူးကူးသိလိုက်ပြီ။သားငယ်လေးက
မွေးကထည်းကသူ့ဒယ်ဒီခဏခဏချီနေလို့
လက်ကြိုက်နေတာ။ထို့အချိန်သမီးလေးလည်း
ငိုလာသည်မို့ သူ့မှာကလေးနှစ်ဖက်နဲ့တိုင်ပတ်
နေလေပြီ။ဒါကြောင့်မို့ကင်မ်တို့လာဖို့သာ
စိတ်ထဲခေါ်နေရချေပြီ။" ဖေကူးကူး မီးမီးလာရယ်!မောင်မောင်လေးနဲ့
ညီမရေး ငိုနေရယ် ဖေကူးကူးမီးမီးချီချင်ရယ် "ချက်ချင်းဆိုသလိုသူ့ညီမလေးနဲ့သူ့မောင်လေး
ငိုသည့်အသံကြားတော့ပြေးလာတဲ့မီးမီးလေးက
ကလေးချစ်သည်လေ။သို့သော်ငြားလည်း
ငယ်သေးတာကြောင့်မချီတက်ရင် ပြုတ်ကျမှာ
ဆိုးသည်မို့သူကိုယ်တိုင်ပင်လုပ်ပေးရဦးမည်။
YOU ARE READING
Kim's Bunny ( Completed )
FanfictionTop - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK #Crd Photo to the owner ဘယ်ကမှန်းမသိရောက်လာတဲ့ ယုန်ပေါက်လေးကို ချစ်မိသွားတဲ့ ကျားသစ်နက်ဘုရင်ကင်မ်ထယ်ယောင်း ။ ဘယ်ကမှန်းမသိရောက်လာတဲ့ ယုန်ပေါက်လေးကို ချစ်မိသွားတဲ့ ကျားသစ်နက်ဘုရင်ကင်မ်ထယ်ယောင်း ။