CHAPTER - 17

1.9K 164 142
                                    

#Zawgyi

သည်လိုနဲ့ ရက်တွေကုန်ဆုံးလာခဲ့တာ
လအတော်ကိုကြာလေပြီ။ဒီကြားထဲ
ထယ်ယောင်းကိုယ်တိုင်လည်း
Suranရဲ့အခြေအနေကိုကြည့်တာရော၊
သူ့တိုင်းပြည်ရဲ့ချစ်ကြည်ရေးကိစ္စတွေပါ
ပါဝင်နေသည်မို့ ယုန်ဖြူလေးတို့ထံမသွားနိုင်ပါ။
ညဘက်လည်းအမဲလိုက်ထွက်ရသည့်
ကိစ္စတွေအများကြီးပါသည်မို့
ထယ်ယောင်းမှာ သူ့ယုန်ဖြူတို့လေးဘက်သို့
လှည့်တောင်မသွားနိုင်သေးပါ။အခုဆို
သူ့အဆိုးအဆာလေးက ကောက်နေပြီထင်ပါ့။

" ဘုရင်ကြီးကင်မ် ဘုရင်ကြီးJameက
အမှာစာပြန်လိုက်ပါတယ်၊ဒီညလာခဲ့ပေးပါတဲ့
အရေးကြီးကိစ္စရှိတယ်လို့ပြောပါတယ် "

" ကောင်းပြီ၊ငါ့ညဘက်ကျ သူ့တိုင်းပြည်မှာ
ညပိုင်းနေမှာမို့ ငါမပြန်လာနိုင်ဘူး၊ဒီတော့
ငါ့အစားတိုင်းပြည်ကိုကာကွယ်ထားပါ၊
ဘယ်သူပြောပြောငါရှိတယ်ဆိုတာချည်းပဲ
ဆိုတာသတိထားပေးပါ "

ထယ်ယောင်းသေချာမှာရသည်။
မဟုတ်ရင်သူ့နန်းတော်ထဲကို ခိုးဝင်ပြီး
အလွတ်စုံစမ်းမဲ့သူတွေချည်းရှိတာမို့
သူ့လုံခြုံရေးအတွက် သတိထားရသည်။
ယုန်ဖြူလေးတို့ဘက်ကိုတော့ Jameက
တာဝန်ယူစောင့်ရှောက်ပေးတာမို့
သူ့မှာစိတ်ချရသည်။

တစ်ဖက်က Jameရဲ့တိုင်းပြည်မှာတော့
ယုန်ဖြူလေးကူးကူးဟာ သူ့ကင်မ်က်ု
မျှော်နေရှာပါသည်။ယခုဆိုကင်မ့်ရဲ့
အသည်းအသက်လေးတွေ ထပ်တိုးလာပြီဟု
ပြောချင်သော်လည်း ကင်မ်ကိုယ်တိုင်က
ရောက်မလာသေးပါလေ။

ကျားမသားနဲ့အခေါ်တော်ပင့်သော်လည်း
ထယ်ယောင်းကမအားသေးဟုသာ
ဆိုလေသည်။ယခုဆိုသားသားနဲ့မီးမီးမှာ
နောက်ထပ်ထပ်ရလာပြီဆိုတာကြောင့်မို့
သူတို့မှာ အတော်လေးကိုဝမ်းသာနေသည်။

" ယုန်ကလေး နေသာထိုင်သာရှိရဲ့လား၊
ကိုယ်ဘာများ ကူညီပေးရမလဲ "

" ရပါတယ် ကျားမသားရယ်၊ကူးကူးကင်မ့်ကို
လွမ်းရုံကလွဲလို့ ကျန်တာအဆင်ပြေပါရယ် "

ယုန်ကလေးစကားကြောင့် Jameစိတ်မကောင်း
ရုံကလွဲလို့ ဘာမှမတက်နိုင်ပါလေ။သူလည်း
ထယ်ယောင်းကိုအမြဲလိုလိုလာဖို့ ခေါ်ပေမဲ့
ထယ်ယောင်းကိုယ်တိုင်လည်း သူ့စုံစမ်းနေတာ
မပေါ်ပေါက်သေးတာဟု အမြဲပြောသည်။

Kim's Bunny ( Completed )Where stories live. Discover now