CHAPTER - 14

1.8K 197 68
                                    

#Zawgyi

ယုန်ဖြူလေးအား တွေ့ပြီးသည်နှင့် Jameက
လာပွေ့ဖက်ပေမဲ့ ထယ်ယောင်းကတော့
ထိုနေရာတွင် တုပ်တုပ်မျှမလှုပ်ပဲ
ရပ်ကြည့်နေသည် ။ ထိုအချိန်တွင်တော့
ကူးကူးနဲ့တူတဲ့ခရမ်းရောင်လုံးမီးမီးလေးက
ထယ်ယောင်းနားပြေးလာသည် ။

" ဒယ်ဒယ်... မီးမီးတို ချီချီ "

ထိုခရမ်းရောင်လုံးလေးက သူ့အားဒယ်ဒယ်ဟု
ခေါ်ကာ ချီရန်ရယ်ပြနေသည် ။ သို့သော်ငြား
သူ့စိတ်ထဲတွင်တော့ ထိုအသံလေးကြောင့်
ရင်ထဲကြည်နူးမှုလှိုင်းတို့ဖြတ်လျှောက်နေသည် ။

" ဒယ်ဒီချီပါ့မယ် ဒီမီးမီးလေးကို "

သူကိုယ်တိုင်လည်း ရင်းနှီးစိတ်တို့ရှိနေတာကြောင့်
ခရမ်းလုံးလေးကိုကောက်ချီရင်း သူ့ဖေဖေလှလှလေး
ဘက်သို့ လျှောက်လိုက်သည် ။ သူ့အဖေလှလှလေးက
သူ့ကိုကြောက်လို့ Jameနောက်တွင်ရပ်နေသည် ။

" ဒါလေးက ကူးကူးနဲ့သိပ်တူတာပဲကွာ၊ ဦးဦးရှိ
လာပါဦး မီးမီးလေးရဲ့ "

" လာဝူး... ဒယ်ဒယ်နဲ့နေမှာ ! "

Jameကခေါ်တာကိုမလိုက်ပါဘဲ ထယ်ယောင်းရဲ့
လည်တိုင်ကိုတင်းနေအောင်ဖက်ကာ နေမည်ဟု
ပြောနေတာကြောင့် ထယ်ယောင်းကပြုံးသည် ။

" ဖေကူးကူးက သူ့ကိုမီးမီးဒယ်ဒီလို့ ဘယ်သူပြောလဲ၊
မဟုတ်ဘူးလေ မီးမီးရဲ့ ဖေကူးကူးတို့ လူမှားတာလေ "

" ဟုတ်ဝူးဆို၊ မီးမီးက ဒယ်ဒယ့်ကို ဒီထဲကသိတာ၊
ပြီးရော့ ဖေကူးကူးရဲ့ရင်ရဲမှာ ဒယ်ဒယ်ရှိနေ့လို့
မီးမီးမြင်ရယ် "

အတက်လေးစကားကြောင့် ထယ်ယောင်းမှာ
မီးမီးလေးကိုကြည့်ရင်း သူနဲ့တူသည်မို့ တစ်ခါတစ်ခါ
တွေးမိပါသေးသည် ။ သို့သော်ငြားသူက ကလေးတွေထက် ကလေးအဖေပေါက်လေးကို
မျက်တောင်မခပ်ပဲ ခဏခဏကြည့်နေမိတာ ဘယ်နှစ်ခါဆိုလဲတောင်မကတော့ပါလေ ။

" ကူးကူးရဲ့သမီးကအလည်လေးကွာ၊ ဘယ်မှာနေကြတာလဲ "

" ကူးကူးတို့ယူရိုင်းတောထဲမှာနေတယ် ကျားမသား၊
အဲ့တောထဲမှာ ကူးကူးကလေးတွေနေဖို့ အတော့်ကို
ဝေးသေးတယ်၊ ကူးကူးတို့ကို နေရာတစ်နေရာလောက်
ပေးပါလား ကျားမသားရယ် "

Kim's Bunny ( Completed )Where stories live. Discover now