CHAPTER - 13

1.7K 191 52
                                    

#Zawgyi

" ဟင့် ! ကူးကူးရဲ့ကင်မ်ကို ရှာတွေ့ပြီ၊ ကူးကူးရဲ့ကင်မ်ကိုရှာတွေ့ပြီဟင့် ! ကင်မ် ! ကူးကူးကိုမှတ်မိလား "

" ဟင် ? "

ထယ်ယောင်းကိုတွေ့သည်နှင့် ရင်းနှီးနေသော နာမ်စားလေးအားခေါ်ရင်း ပြေးဖက်သည့် ကလေးအဖေလေးဖြစ်နေတာတောင် အချွဲလေးဖြစ်နေဆဲပါ ။

" ကူးကူးလေ၊ ဖိန်းရူး ကူးကူးကိုသိတယ်မလား၊ ကူးကူးလေနော်... "

ထယ်ယောင်းကိုယ်တင်မက ကျန်သောသားတွေကိုပါ သူ့အားသိသလားဟု
ပြောနေတဲ့ကူးကူးလေးကိုကြည့်ကာ ထယ်ယောင်းရင်ထဲသနားစိတ်လေးဝင်သည် ။

" ဖေကူး ! အဲ့ဒီ့ဦးဦးကြီးက ဘူယဲ "

" ယောင်းလေးနဲ့ထယ်ထယ်လေးရဲ့ ခမည်းတော်လေ၊ ဖေကူးကူးကို သိပ်ချစ်တဲ့သူလေ "

ထယ်ယောင်းကတော့ ကူးကူးလေးကို သနားစိတ်ပိုလို့ဝင်မိပါသည် ။ သူ့ရင်ထဲ တစ်မျိုးချည်းပဲ ။ ကူးကူးလေးက သူ့အား
' ကင်မ် ' လို့တစ်ခါခေါ်တိုင်း နှလုံးခုန်နှုန်းတွေဟာ
မြန်ဆန်လာသလို ရင်ထဲစို့နင့်စရာကဲ့သို့ခံစားရမှု
ပေါ်ပေါက်လာပါသည် ။

" စိတ်မရှိပါနဲ့၊ ကျွန်တော် မင်းနဲ့မသိဘူး၊ ပြီးတော့ ကျွန်တော့်မှာချစ်သူရှိတယ် "

" ဟင် ? အဲ့ဒီချစ်သူက ကူးကူးလေ ကင်မ်ရဲ့၊
ကင်မ်ပြောတယ်လေ ကူးကူးကို ရင်ထဲကနေ မေတ္တာရှိဖူးတာဆို "

ဂျောင်ဂုစကားကြောင့် ထယ်ယောင်းမှာ ပိုလို့ပင်အံ့ဩနေရပါသည် ။ သူ့အား ကင်မ်လို့ ခေါ်ရုံတင်မကပဲ နားထဲစွဲနေတဲ့ မေတ္တာမျှနေတာက အတွေးထဲ အချိန်လှည့်သကဲ့သို့ တစ်စတစ်စ မြင်ယောင်လာသည် ။

* ခစ်ခစ် ကင်မ်က သိပ်သဘောကောင်းတာပဲ *

* ယုန်ဖြူလေး ချစ်တယ်ဆိုတဲ့အဓိပ္ပါယ်ကို
သိလား ။ *

* ဟင့်အင်း ။ ကူးကူးသိတဲ့ချစ်တယ်ဆိုတဲ့ အဓိပ္ပါယ်က တစ်ယောက်နဲ့တစ်ယောက် သဘောကျရင် သုံးရတယ်တဲ့ ။ ကူးကူးကတော့ ကင်မ့်ကိုသဘောကျတာ၊ အခုလိုပြောရင် ကင်မ့်ကို သိပ်ချစ်တာလေ ။ *

Kim's Bunny ( Completed )Where stories live. Discover now