( Zawgyi )
ဟိုနေ့ကစလို့ ပျောက်သွားတဲ့ယုန်ဖြူလေးကို ထယ်ယောင်းမှာ ရင်နှင့်မကွာဆောင်ထားရသည် ။
ထိုနေ့ကထည်းက အရမ်းလန့်သွားတဲ့ ယုန်ဖြူလေးဟာ ယုန်အသွင်လေးနဲ့သာ ဖြစ်သွားသည်မို့ ထယ်ယောင်းမှာ အဲ့ဒီဖြူဖြူလုံးလုံးလေးကို တော်ဝင်ညီလာခံတွေ့ဆုံရာလည်း ရင်ခွင်ထဲ ပွေ့ပိုက်ကာ ခေါ်ရသည် ။ ဒါတောင် လူသံကြားရင်
သူ့ရင်ခွင်ထဲတိုးဝင်တက်တဲ့ ယုန်ဖြူလေး ။သူသနားမိပါသည် ။ ယုန်ဖြူလေးက အသည်းနုတော့ တစ်ခုခုလန့်ကထည်းက ယုန်အသွင်နဲ့နေတာ ယခုထိမပြောင်းလဲတော့ပေ ။
သို့သော်ငြား ယုန်အသွင်နဲ့နေပေမဲ့ မပြောင်းလဲသည်က ညညဆိုရင်ခွင်တိုးကာ ဝင်အိပ်လေသည် ။ ယခုလည်း ကုတင်ပေါ်တွင် လုံးလုံးလေးအိပ်ပျော်နေသော ယုန်ဖြူလေးကို ရင်ခွင်ထဲထည့်ကာ စကားတွေပြောနေမိသည် ။( အညိုနားလေးတွေကို ခရမ်းရောင်လေးတွေအဖြစ် သတ်မှတ်ပေးပါဦးနော်ဗျ )
" ဒီပုံစံကြီးနဲ့မနေပဲ အရင်ကယုန်ဖြူလေးပဲ ဖြစ်နေပေးပါလားကွာ ၊ မင်းကြောက်နေမှာ ကိုယ်သိတယ် ၊ ဒါပေမဲ့ ကိုယ်မင်းရဲ့ ကင်မ်ခေါ်သံလေးကို မကြားရတော့ ကိုယ်ရင်ထဲ ခြောက်သွေ့နေတယ်ကွာ "
" နူးညံ့လွန်းတဲ့ ဒီယုန်ဖြူလေးကို ကိုယ်စောင့်ရှောက်မှာမို့ မင်းကြောက်လန့်ရင်တောင် ဒီအသွင်နဲ့မနေပါနဲ့ ! ကိုယ်မင်းကို ကာကွယ်မှာမို့ ကိုယ့်ကိုအားကိုးပါ ယုန်ဖြူလေး "
နှစ်ချိုက်စွာအိပ်နေသော ယုန်ဖြူလေးကိုတို့ထိကာ စကားပြောနေတဲ့ထယ်ယောင်းက သူကိုယ်တိုင်ရော
သူ၏ရင်ခုန်သံတို့ကို လျစ်လျူရှုနေသေးတာလား ၊
ဒါမှမဟုတ် သူကိုယ်တိုင်ကိုက ချစ်နေမိပြီဆိုတာကို
ဝန်ခံဖို့မရဲသေးတာလား ။ မဟုတ်ရင်ပဲ အနေကြာတော့ သံယောဇဉ်တွယ်နေတာလား ။
အကယ်၍ သံယောဇဉ်တွယ်နေရင်တော့ ဖြတ်ဖို့ခက်မှာတော့ သေချာပါသည် ။
YOU ARE READING
Kim's Bunny ( Completed )
FanfictionTop - KIM TAEHYUNG Bottom - JEON JUNGKOOK VKOOK #Crd Photo to the owner ဘယ်ကမှန်းမသိရောက်လာတဲ့ ယုန်ပေါက်လေးကို ချစ်မိသွားတဲ့ ကျားသစ်နက်ဘုရင်ကင်မ်ထယ်ယောင်း ။ ဘယ်ကမှန်းမသိရောက်လာတဲ့ ယုန်ပေါက်လေးကို ချစ်မိသွားတဲ့ ကျားသစ်နက်ဘုရင်ကင်မ်ထယ်ယောင်း ။