ဘဝအသစ်စခြင်း

4.2K 151 9
                                    

Unicode

ကံကြမ္မာကရက်စက်တယ် မဟုတ်ဘူး လူတွေကရက်စက်တယ်။ ကိုယ့်ကိုနားလည်ပေးဆုံး အချစ်ဆုံးလို့ထင်ခဲ့သူရဲ့ ဓားနဲ့ထိုးခံရတာလောက် ဘယ်အရာကပိုနာလေအုံးမလဲ။

ယောက်ျားလေးနှစ်ယောက်မို့ တရားဝင် လက်ထပ်ခွင့်မရှီတာကြောင့် ချစ်ရသူနဲ့အတူ ရင်းနှီးတဲ့အသိုင်းအဝိုင်းထဲကသူတချို့ကိုသာဖိတ်ပြီး အကျဥ်းရုံးလုပ်ခဲ့ရတဲ့ မင်္ဂလာပွဲ

ဒါတွေအားလုံးကို သူ့ကိုချစ်တယ်ဆိုတဲ့စိတ်နဲ့ နားလည်ပေးခဲ့တယ်။ ဒီနိုင်ငံမှာမဟုတ်လဲ တခြားမှာ အကြီးအကျယ်မင်္ဂလာဆောင်လို့ရတာ လူတိုင်းအသိဘဲလေ။ ဒါပေမယ့် သူ့ပါးစပ်က noလို့ တခွန်းထွက်လိုက်တာနဲ့ ကိုယ်ကအလိုလိုနာခံပြီးသားမို့ အရာရာသူ့သဘောလုပ်ခဲ့တာ

အကျဥ်းရုံးလုပ်ခဲ့တဲ့ မင်္ဂလာပွဲကြောင့် သူတို့နှစ်ယောက်ဟာ တရားဝင်ဆိုင်သူတွေပါလို့ ဘယ်သူကမှမသိခဲ့ကြဘူး။ သူမလည်းမသိခဲ့ဘူး ဒါမှမဟုတ် သိရက်နဲ့ဖောက်ပြားတာလား

အိမ်ထောင်သက်က လပိုင်း မဟုတ်ဘူး ရက်ပိုင်းလေးတင် သူရှုပ်ခဲ့သမျှ အရှုပ်တွေပေါ်လာခဲ့သလို ကိုယ့်ကိုတောင် ငွေရှီလို့ယူခဲ့တာတဲ့လေ အသိနောက်ကျလိုက်လေခြင်း

ကံကောင်းတာပေါ့ သူတို့နှစ်ယောက်က လက်ထပ်ပြီးခဲ့ပေမယ့် တခါမှအတူ တစ်ကုတင်ထဲမအိပ်ခဲ့ဖူးလို့  ကျေးဇူးတင်မဆုံးဘူး မဟုတ်ရင် ကိုယ့်ဘက်ကနာစရာတွေချည်း အခုတော့လည်း သူ့ကောင်းမှုကြောင့် ကိုယ်ကနောက်တခါအမှားတွေကိုပြန်ပြင်ဆင်ခွင့်ရနေပြီလေ

သူသာအဲ့နေ့က အဆိပ်ခတ်မသတ်ခဲ့ရင် သူသာသူ့အရှုပ်တွေကြောင့် ကိုယ့်မျက်နှာကို မထိုးခဲ့ရင် ဒီလောက်ထိ နာကျည်းမိမှာမဟုတ်ဘူး။

ဒီဘဝမှာတော့ ဒုတိယညံ့ဖျင်းတဲ့ ဝမ်ရိပေါ်မဖြစ်စေရဘူး။ အရာအားလုံးကိုပြန်ပြင်ဆင်ပြီး ခင်ဗျားမျက်နှာကို စိတ်ကြိုက်ထိုးအုံးမှာ ကျွန်တော့်ကိုစောင့်နေပါ။

______________________________________________

.
.
.
.
.
.
.

"ဝမ်ရိပေါ်    ဝမ်ရိပေါ်ဗျ မျက်လုံးလေးဖွင့်ကြည့်ပါအုံးလို့"

Born Again Where stories live. Discover now