အရသာရှီသော ခေါက်ဆွဲ

792 78 7
                                    

Unicode

"ရှောင်ကျန့်?"

အခုမှ အခန်းတံခါးကနေဝင်လာပါသည့် သူငယ်ချင်းဆိုသူဖြစ်မယ်ထင် ကျောပေးလျက်သား ရိပေါ်ကမျက်နှာကိုမမြင်ရသေး
မြင်ရအောင်လည်းလှည့်မကြည့်ချင်ပါ အစောက အခြေအနေကြောင့် ရှက်နေမိသည်။

'အတူတူနေရမယ့်အပြင် တခန်းထဲပါ အိပ်ရမယ်တဲ့ အဲ့လောက်ထိထင်မထားခဲ့တော့ ဘာဘဲပြော‌,ပြောရှက်တယ်'

"မင်းဘယ်ကဘယ်လိုရောက်လာတာလဲ အိမ်မှားလာတာလား"

"မင်းကလည်း ပြောတော့မယ်"

တယောက်နဲ့တယောက်ရယ်မောရင်း စနောက်နေကြပုံက အတော်ကိုခင်တာကြာပြီဖြစ်တဲ့သူငယ်ချင်းတွေလို

"ပြောဆို မင်းအိမ်ပြန်မလာတာ ဘယ်နှရက်ရှီပြီလဲ? ဒါနဲ့သူကကော ဘာလဲ မင်းတို့ခိုးပြေးလာတာလား"

ချက်ချင်းဆိုသလို နှစ်ယောက်လုံးမျက်နှာက ရဲသွားပြီး ရှောင်ကျန့်တယောက် ချောင်းတဟန့်ဟန့်ဖြင့်

"မင်းဘာတွေလျောက်ပြောနေတာလဲ ဒါ..."

နေပါအုံး သူနဲ့ငါနဲ့က သူငယ်ချင်းလည်းမဟုတ်ဘူး သိနေခင်နေတဲ့သူလည်းမဟုတ်ဘူး ဒါဆိုဘယ်လိုမိတ်ဆက်ပေးရမှာလဲ?

"ဒါတွေ ဒီတွေလုပ်မနေနဲ့ ခိုးပြေးလာရင်ခိုးပြေးတယ်ပေါ့ အကြောင်းပြချက်ရှာမနေနဲ့"

မဟုတ်ပါဘူးဆို သူကလည်းဇွတ်။

ရှောင်ကျန့် ရိပေါ်မျက်နှာကိုအကဲခတ်လိုက်တော့ သူလည်းရှက်နေလို့ထင် မျက်နှာကြီးကလည်းနီရဲလို့ နားရွက်အဖျားလေးတွေကအစရဲနေပြီး သူ့အနားကိုတဖြည်းဖြည်းတိုးကပ်လာတာများ ရင်ခွင်ထဲရောက်တော့မယ်

ရဲနေတဲ့မျက်နှာလေးကိုကြည့်ရင်း ဖြစ်ချင်ရာဖြစ်ဆိုကာ တိုးကပ်လာသူလေးကို ဆွဲဖက်လိုက်ပြီး

"မင်းထင်ချင်သလိုသာ ထင်တော့"

အံ့ဩသွားသလို မျက်လုံးလေးပြူးလျက် မော့ကြည့်လာသည့်သူရဲ့ ခေါင်းကိုပါ လက်နဲ့ဆွဲကာ ကိုယ့်ရင်ခွင်ထဲထည့်ထားလိုက်သည်။

"အေးပါကွာ ငါပြန်လာတဲ့အချိန်က အချိန်ကောင်းမဟုတ်ဘူးထင်တယ် မင်းတို့ကအိပ်ခန်းရှေ့တောင်ရောက်နေပြီဆိုတော့"

Born Again Where stories live. Discover now