ဆေးတိုက်ရုံပါ(─.─||)

1.1K 98 7
                                    

Unicode

ရှောင်ကျန့်က ညစ်တယ် ဝမ်ရိပေါ်ကျွေးတဲ့ ဆန်ပြုတ်ကို မစားဘဲ ပါးစပ်ကြီးကိုအတင်းစိထားတယ်။ စိတ်ညစ်လာတဲ့ ရိပေါ်က ခေါင်းတွေကုတ်လိုက် အံ့ကြိတ်လိုက်နဲ့ ဆွဲဇက်လုပ်ပစ်လိုက်ချင်စိတ်တွေကို မနည်းထိန်းထားရတယ်။

"ခင်ဗျား တကယ်မစားဘူးလား"

"ဆန်ပြုတ်ဆိုမစားဘူး"

ရိပေါ်  ရှောင်ကျန့်‌ကျောနောက်မှာခံထားတဲ့ ခေါင်းအုံးကိုဆွဲယူလိုက်ပြီး မျက်နှာကိုအုပ်ကာ အသံမထွက်အောင် အော်တော့သည်။ပြီးနောက်မှာတော့ ထိုင်ခုံတခုံကို ဆွဲယူလို့ထိုင်လိုက်ပြီး ရှောင်ကျန့်ကို မှုန်သေသေနဲ့ထိုင်ကြည့်နေလိုက်သည်။

'ချန် ငါတကယ်ဒေါသထွက်လို့မရဘူးလား'

'ထွက်လို့ပါတယ် '

တကယ်လားဆိုတဲ့သဘော ရိပေါ်က မျက်ခုံးပင့်သွားတော့

"မင်းခန္ဓာနဲ့ကွဲသွားရင် ငါကပြန်ခေါ်သွားပေးမှာပေါ့ ပြီးရင်ငါလည်း ငါ့နေရာငါပြန်ရောက်မယ်ချက်ခုတ် နှစ်ချက်ပြတ်'

'ဟင်း ဟင်း နာကောင်'

မချိပြုံးလေးနဲ့ ရိပေါ်က စိတ်ထဲမှာတော့ မျိုးစုံသောပြောဆိုနည်းတွေနဲ့ ပြောနေခဲ့ပါသေးတယ်။

'ငါကြားတယ်နော်'

'ကြားမှန်းသိလို့ပြောတာ ဟွန့်!'

စိတ်ထဲ အကြိုက်ပြောဆိုပြီးနောက်မှ ကုတင်ပေါ်ကလူကိုပြန်ကြည့်မိသည်။ တကယ်တော့ရိပေါ်ဟာ သူ့ရဲ့နာမည်ကိုတောင်မသိရသေးပါဘူး ခင်လည်းခင်မနေပါဘူး ဒါပေမယ့် သူ့ဝေရာဝစ္စတွေကတော့ ရိပေါ်ခေါင်းပေါ်ကို မလိုချင်ပါဘဲရောက်လာခဲ့တယ်။

အခုလည်း ဆန်ပြုတ်မစားချင်ဘူးလို့ ကျစ်တိုက်နေတာကြောင့် အမြင်ကပ်ကပ်နဲ့ ထပ်ကျွေးမနေတော့ဘဲ ထိုင်နေလိုက်တာ သူကမျက်နှာလေးငယ်လို့ တမျိုးလုပ်ပြနေပြန်တော့လည်း လူကမနေနိုင်တော့

Born Again Where stories live. Discover now