နှလုံးသားကို တာဝန်ယူမလား

1.6K 117 5
                                    

Unicode

ရိပေါ်တယောက် ကျောင်းဝန်းအနှံ့ပတ်ပြေးပြီးနောက် အမောစို့လိုလာသည်။ ရှင်းရန်ကဘဲဇွဲကြီးသလား သူကဘဲနှေးတာလား မပြောတတ်ပေမယ့် သူ့နောက်ကထပ်ကြပ်မကွာလိုက်လာသူကြောင့် မျက်ခြေဖျက်ရမယ့်လမ်းကိုသာ သူရွေးရတော့သည်။

ပြေးနေရင်းက ရှေ့နားမှာ လူတွေအုံနေသည်မို့ လူကြားထဲပြေးဝင်လိုက်ပြီး တွန်းတွန်းတိုက်တိုက်ဖြင့်ဘဲ လူအုပ်ကြီးကိုကျော်ဖြတ်လိုက်သည်။

ရှင်းရန်ဘယ်လိုကျန်ခဲ့လဲ သူမသိပါ အရေးကြီးတာ သူလွတ်ဖို့
ဘာကြောင့်မို့ ပတ်ပြေးနေလဲဆို ချန်ဆိုတဲ့ ဟိုမရောက်ဒီမရောက်ကပြောသွားတယ်လေ သည်းခံရမယ်တဲ့ ကိုယ့်နောက်ကျောကိုဓားနဲ့ထိုးသွားတဲ့သူနဲ့ ဘာမှမဖြစ်သလို ပုခုံးဖက်ပေါင်းနိုင်ရလောက်အောင်အထိ ဝမ်ရိပေါ်က တရားပေါက်နေတဲ့သူလည်းမဟုတ်

အဲ့တာကြောင့်မို့ ပြဿနာလည်းမဖြစ်ရအောင် တတ်နိုင်သမျှတော့ သူကပတ်ရှောင်ပါသည်။ဒါပေမယ့်လည်း ရှင်းရန်လက်ကနေသူ့မှာမလွတ်နိုင် ဒီလောက်လူအုပ်ကြားမျက်ခြေဖျက်ခဲ့တာတောင် နောက်ကပါလာသေးသည်။

"တော်တော်လည်းဇွဲကောင်းတယ် သူမှီတာမမှီတာတော့မသိဘူး ဆက်ပြေးရင်ငါအသက်ထွက်တော့မယ် ဟူး!"

နံရံတခုကိုအကာအကွယ်ယူရင်း ရိပေါ်အမောဖြေနေရသည်။ ဆက်ပြေးဖို့ကလည်း ခြေထောက်တွေကမလှုပ်ချင်တော့ တွေ့ချင်တွေ့ပါစေတော့ဆိုပြီးဘဲ ဒီအတိုင်းရပ်နေလိုက်တော့သည်။

ရိပေါ် ရိပေါ်ဆိုတဲ့ တကြော်ကြော်ခေါ်သံက သူနဲ့နီးလာလေ စိတ်ညစ်လေ တစထက် တစပိုနီးကပ်လာတဲ့အသံကြောင့် သက်ပြင်းမောချလိုက်ပြီး ကွယ်ထားတဲ့နံရံအနောက်ကနေထွက်ဖို့ပြင်လိုက်တော့သည်။

ရုတ်တရက် ရိပေါ့်လက်ဟာ တစုံ‌တယောက်ရဲ့ဆောင့်ဆွဲခြင်းကိုခံလိုက်ရပြီးနောက် မှောင်မဲနေတဲ့အခန်းတခန်းထဲ လူတကိုယ်လုံးဆွဲထည့်ခံလိုက်ရသည်။အခန်းထဲရောက်သည်အထိ လက်ကိုတင်းကြပ်စွာကိုင်ထားပြီး ထိုလူရဲ့နောက်လက်တဖက်ဟာလည်း သူ့ပါးစပ်ကိုလာပိတ်ထားသေးသည်။

Born Again Where stories live. Discover now