ရင်ခုန်သံများ

680 56 7
                                    

Unicode

"ချန် အရင်ဘဝတုန်းက ငါမသိခဲ့တာတွေ မင်းငါ့ကိုပြောပြပေးလို့ရမလား"

အိပ်ခန်းထဲ ရှောင်းကျန့်ကို မောင်းထုတ်ထားပြီး သူတစ်ယောက်ထဲ ချန်နဲ့ဆက်သွယ်နေတယ်။သူစကားပြောလိုက်တာနဲ့ ပေါ်လာတဲ့ အကောင်သေးသေးလေးက ကုတင်ဘေးစားပွဲပေါ်မှာ ခြေဆင်းထိုင်ရင်း

"ငါလည်းအများကြီးတော့ မသိဘူး။ အတိအကျသိတာဆိုလို့ ရှောင်းကျန့်ဆိုတဲ့ ကောင်လေးက မင်းရဲ့လက်တွဲဖော်အစစ်ဆိုတာဘဲ"

"ငါသိချင်တာအဲ့ဒါမဟုတ်ဘူးလေ ချင်ဖေးအကြောင်း"

"ချင်ဖေး? သူကမင်းရည်းစားဟောင်းရဲ့ ရည်းစားဖြစ်ခဲ့တာမဟုတ်ဘူးလား"

"အရင်ဘဝကတော့ ဟုတ်တယ်။အခုက သူ့ကိုရှင်းရန်နဲ့မဟုတ်ဘဲ ရှောင်းကျန့်နဲ့ တွဲမြင်ခဲ့ရတာ"

"ရှောင်းကျန့်နဲ့? သူတို့ကဘယ်လိုလုပ်ပြီး.."

ချန်ရဲ့မျက်နှာမှာလည်း ရိပေါ်လိုဘဲ အံ့ဩရိပ်မျိုးစုံဖြတ်ပြေးလို့နေတယ်။

"ငါလည်းမသိဘူး ခံစားချက်ကတော့ လုံးဝမကောင်းဘူး"

"ခဏနေအုံး ငါအာရုံခံကြည့်အုံးမယ်"

မျက်စိစုံမှိတ်လို့ အာရုံစူးစိုက်နေတဲ့ ချန်ကိုကြည့်နေရင်း နောက်ကအခန်းတံခါးပွင့်လာတာကို မသိခဲ့

"ဘာသိလိုက်ရလဲ"

မျက်လုံးပြန်ဖွင့်လာတဲ့အခါ သိချင်ဇောများနေတဲ့ ရိပေါ်က ချန့်အနားကိုတိုးကပ်ရင်းမေးလိုက်သည်။

"ရှောင်းကျန့်"

"ရှောင်းကျန့်ဘာဖြစ်လဲ"

"မင်းအနောက်မှာ"

"ဟမ်"

ချန့်စကားကို နားမလည်သလို နောက်လှည့်ကြည့်ချိန်မှာတော့ ရှောင်းကျန့်က မျက်လုံးကြီးပြူးလို့ သူတို့ကိုကြည့်နေခဲ့လေသည်။

"ရိပေါ် အဲ့ဒါဘာကြီးလဲ ဖယ် ဖယ် ကိုယ်ရှင်းပေးမယ်"

နီးရာ တုတ်ကိုကောက်ဆွဲလာပြီး ချန့်ဆီကိုပြေးလာနေတာကိုမြင်တော့ ရိပေါ်ပင် ဘာလုပ်ရမယ်မသိတော့

Born Again Where stories live. Discover now