အသားယူတဲ့ကိုကို

699 55 14
                                    

Unicode

တအင်းအင်း ညည်းသံတွေဟာ ခပ်စိတ်စိတ်ကြားလာရတော့ ရှောင်းကျန့် အိပ်နေရာမှနိုးလာတော့သည်။

ညမီးအိမ်လေးသာထွန်းလင်းထားတဲ့အခန်းထဲ ညည်းသံဟာဘယ်ကလဲလို့ နားစွင့်ကြည့်တော့ သူ့ကို ကျောပေးအိပ်နေတဲ့ ရိပေါ့်ဆီကဖြစ်‌လို့နေသည်။

ပုဇွန်ကွေးလေးလို ကွေးနေတဲ့ ရိပေါ်က စောင်ကိုလည်း လုံသည်ထက်ပိုလုံခြုံအောင်ဆွဲထားသည့်အပြင် တုန်တုန်ယင်ယင်လည်းဖြစ်လို့နေသေးသည်။

ရှောင်းကျန့် အိပ်ခန်းမီးကို သွားဖွင့်လိုက်ပြီး ရိပေါ်အနားပြန်လာကာ ရိပေါ်ကိုလှုပ်နှိုးကြည့်တော့ မပွင့်တပွင့် မျက်လွှာလေးဖွင့်လို့ကြည့်လာ၏။

"ရိပေါ် ဘာဖြစ်လို့လဲ"

"ချမ်း...ချမ်းတယ်"

စိုးရိမ်တကြီး ရှောင်းကျန့်အမေးကို ရိပေါ်က အသံတိုးတိုးဖြင့်သာ တုံ့ပြန့်သည်။

"ဘာကြီး ... ချမ်းလို့လား"

နှုတ်ခမ်းနားတိုးကပ်မှကြားနိုင်တဲ့ ရိပေါ်အသံကို ရှောင်းကျန့်ကအားစိုက်နားထောင်ပြီး

"ခဏလေးစောင့် ကိုယ်စောင်တွေသွားယူပေးမယ် ခဏလေး"

ညအိပ်ဧည့်သည်လာဖို့မရှီပေမယ့် အပိုအနေနဲ့ဆောင်ထားသည့် စောင်တွေရှီတာမို့ အလျင်အမြန်သွားယူလိုက်ကာ ရိပေါ်ကိုယ်ပေါ်ကို အထပ်ထပ်ခြုံပေးထားလိုက်သည်။

"နွေးသွားပြီလား ဟင်"

ကုတင်ဘေးကနေလို့ ရိပေါ်နဖူးပေါ်လက်တင် စမ်းလိုက်ပြီး

"အဖျားတက်လာပြီ! အဖျားကျအောင် ကိုယ်ရေဝတ်သွားယူလိုက်အုံးမယ်"

အိပ်ခန်းမှနေ မီးဖိုချောင်ဆီ ပြေးပြီး ရေနွေးဓာတ်ဘူးထဲ အရံသင့်ကြိုထားတဲ့ ရေနွေးတွေကို ဇလုံထဲ ထည့်ကာ တပတ်တထည်ဖြင့် အခန်းထဲပြန်ဝင်လာတော့ ရိပေါ်ဟာ မျက်လုံးလေးမှိတ်လို့ တုန်တုန်ယင်ယင်အခြေအနေကနေ မငြိမ်သေး..

"ရိပေါ် ချမ်းနေသေးလို့လား"

"အ...အင်း"

ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတဲ့ ရှောင်းကျန့်‌တယောက် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေတော့သည်။
စောင်တွေအထပ်ထပ်ခြုံပေးထားတာတောင် ချမ်းနေတုန်းတဲ့

Born Again Where stories live. Discover now