..

446 43 5
                                    

Unicode

ရိပေါ်ကို အတန်းထဲရောက်အောင် သေချာပို့ပေးပြီးမှ ရှောင်ကျန့်တယောက် မုန့်ဆိုင်တဆိုင်
ကိုထွက်လာခဲ့လိုက်တော့သည်။

ရိပေါ်မှာရည်းစားရှီနေလိမ့်မယ်လို့ သူမထင်ခဲ့ရိုးအမှန်ပါ။ ရိုးရိုးအအမဟု‌တ်တောင် စွာစိလန်လေးမို့ ကြိုက်မယ့်သူရှီမယ်လို့ကိုမထင်ထားခဲ့ သူကလွဲရင်ပေါ့

အခုတော့ သူမှာခြေလှမ်းစဖို့တောင်မရဲတော့ အတိတ်တွေမှာ ပေးခဲ့တဲ့ကတိကိုတည်ချင်ပေမယ့် တည်ခွင့်မရှီတော့လေဘူးလား

သူမှာတကယ်ဘဲ အခွင့်အရေးကမရှီတော့တာလား

"လား"ပေါင်းများစွာနဲ့ သူအတွေးတွေရှုပ်နေခဲ့ပေမယ့် တယောက်သောသူအတွက် ရေတဘူးကိုဝယ်ယူပြီး ထိုနေရာကနေပြန်ထွက်လာခဲ့ပါတော့သည်။

------

"ရိပေါ် ကိုယ်ရေဘူးဝယ်လာခဲ့တယ်"ဆိုပြီး ပါးစပ်လှုပ်ရုံဖြင့် အတန်းထဲထိုင်နေသူအားလှမ်းလို့ဆိုလေသည်။

အစောက ကိစ္စတွေကြောင့် စိတ်ကျဉ်းကျပ်နေတဲ့ ရိပေါ်ဟာ အတန်းအပြင်ကိုကြည့်ဖို့နေနေသာသာ ရှေ့ကဆရာသင်နေတဲ့ စာတွေကိုပင်မကြည့်

ခေါင်းကို စာအုပ်ထဲဝင်မတတ်ငုံထားပြီး အတွေးများလို့နေလေသည်။

ေးမှာရှီနေသူများက ဝိုင်းလို့ တဆင့် တဆင့်ဖြင့် လက်တို့ရင်းမှ ရိပေါ်ကိုအဆက်အသွယ်ရလေတယ်။

"ဟင် ဟမ်"နဲ့ မေးတငေါ့ငေါ့ဖြစ်နေပုံလေးက ရှောင်ကျန့်ကို အသည်းယားစေသည်။

"ရေဘူး"ဆိုကာ ပါးစပ်လှုပ်ရုံပြောရင်း လက်ညိုးထိုးပြတော့ ခဏလေးဆိုတဲ့သဘော လက်ပြန်ပြလာ၏။

စာသင်နေတဲ့ ဆရာကို တချက်ကြည့်လိုက်ပြီး လစ်တာနဲ့အတန်းထဲကခိုးထွက်လာခဲ့လိုက်သည်။

"ဘာတုန်း"

"‌စောနကပုံကိုကြည့်ရတာ မောနေတယ်ထင်လို့လေ ရေသွားဝယ်လာတာ"

ရိပေါ်တယောက် ရှောင်ကျန့်ပေးလာသည့်ရေဘူးကိုယူကာ ဖွင့်သောက်လိုက်ပြီး

Born Again Where stories live. Discover now