Unicode
"အားးးး"
တိတ်ဆိတ်နေတဲ့ ညဘက်ကြီး နားမခံနိုင်အောင် အော်ဟစ်လိုက်သံကြောင့် ရှောင်ကျန့်တယောက်လန့်နိုးလာသည်။
ဘေးဘက်ကိုလှည့်ကြည့်မိတော့ တခုခုကိုထိတ်လန့်နေဟန် ရိပေါ်ကမျက်လုံးပြူးလျက် ချွေးတွေဟာလည်း တကိုယ်လုံးကို ရွှဲလို့
ပိတ်ထားမိတဲ့ အခန်းမီးကိုအလျင်အမြန်ပြေးဖွင့်လိုက်ပြီး ကုတင်ပေါ်က ရိပေါ်အနားကိုပြန်လာခဲ့သည်။
"ဘာဖြစ်လို့လဲ"
"ဟင့်..အင်း"
စကားတခွန်းကိုတောင် ကောင်းကောင်းမပြောနိုင် ပြတ်တောင်းစွာ တခုခုကိုစိုးရိမ်နေဟန်လည်းရှီနေသည်မို့ ရှောင်ကျန့်မှာမနေနိုင် ရိပေါ်လက်တဖက်ကို ဆုပ်ကိုင်လိုက်ရင်း
"မကြောက်နဲ့နော် ဘာမှမဖြစ်ဘူး"
ချွေးတွေရွှဲနစ်လို့ နဖူးပေါ်မှာကပ်နေတဲ့ ဆံပင်တွေကို အသာသပ်တင်ပေးကာ အားပေးစကားပြောတော့ ရိပေါ်ရဲ့အကြည့်တွေဟာ ရှောင်ကျန့်ဆီကိုရောက်လာသည်။
ဘာဖြစ်တယ်ဆိုတာမသိပေမယ့် ရိပေါ်အကြည့်တွေဟာ တအားကိုဆန်းလွန်းသည်။ အကြည့်ချင်းဆုံနေရင်းမှ ရုတ်ချည်းရင်ခွင်ထဲကိုပြေးဝင်လာသည်မို့ ရှောင်ကျန့်မှာ 'အင့်'ခနဲ
အစကတော့ကြောင်အ သွားပေမယ့် ရိပေါ်ရဲ့တုန်နေတဲ့ ခန္ဓာကြောင့် ပြန်လည်ထွေးပွေ့လိုက်ပြီး ကျောကိုပုတ်ကာ
"အိပ်မက်ဆိုးတွေမက်နေလို့လား"
"အင်း"
ကိုယ့်ရင်ဘတ်နဲ့ သူ့နှုတ်ခမ်းကိုအတင်းဖိကပ်ထားပြီး အသံတိုးတိုးလေးနဲ့မကြားတကြားပြန်ဖြေလာပုံလေးကအသဲယားစရာကောင်းလွန်းသည်။ မနေနိုင်မထိုင်နိုင် ပိုတိုးလို့ဖက်ထားလိုက်ပြီး
"ကိုယ်ရှီတယ်နော် မကြောက်နဲ့"
"အင်း"
"ဒါဆိုပြန်အိပ်ကြမလား မဟုတ်ရင် ရေသောက်အုံးမလား"
"ဟင့်အင်း ဒီအတိုင်း....နေမယ်"
ရင်ခွင်ထဲပိုတိုးဝင်လာသည်ကို အလိုက်သင့်လေးနေပေးကာ ကျောကိုပုတ်ပေးရင်းဖြင့်သာ စိတ်ကိုတည်ငြိမ်စေလိုက်သည်။
ဘယ်လိုအိပ်မက်ဆိုးမို့ ဒီလောက်တောင်လန့်နေရတယ် မသိပေမယ့် ရိပေါ်ရဲ့အခုလိုပုံစံမျိုးက ပထမဆုံးမြင်ဖူးထားမို့ ပိုလို့စိုးရိမ်မိတယ်။
YOU ARE READING
Born Again
Fanfictionအရင်ကလိုအမှားမျိုး နှစ်ခါအဖြစ်မခံဘူး Started:; 18.11.2022 End. :; Zhanyi