ဒီရင်ခွင်ကမင်းအတွက်အဆင်သင့်

698 65 8
                                    

Unicode

နေဝင်ဆည်းဆာအချိန်လေးကို ကြည့်ဖို့အကောင်းဆုံးနေရာဟာ ဘယ်နေရာဖြစ်မယ်ထင်လဲ?

ဝမ်ရိပေါ်အတွက်တော့ မြစ်ဘေးနေရာလေးပေါ့

လေတဖြူးဖြူးနဲ့ သဘာဝအရသာကိုအပြည့်အဝခံစားခွင့်ရပြီး နေမင်းရဲ့အလှတရားကို အကာအရံရှင်းစွာမြင်ရနိုင်တဲ့နေရာ ရေပြင်ရဲ့တည်ငြိမ်အေးချမ်းမှုလည်းရှီပြီ တချို့နေရာဆို တိတ်ဆိတ်ခြင်းဖြင့် ပံ့ပိုးလို့ ဆည်းဆာအလှကိုအေးအေးဆေးဆေးလေးကြည့်နိုင်တာမို့ စိတ်ညစ်စရာရှီတိုင်း မြစ်ကမ်းလေးရှီမယ့်နေရာကိုအရင်ပြေးမိတယ်။

ညနေစောင်းအချိန် တဖက်ခြမ်းမှာရှီနေတဲ့ အဆောက်အဦးတွေကြား တဖြည်းဖြည်းဝင်ရောက်နေပြီဖြစ်သည့်နေမင်းကြီးကို ကမ်းဒီဖက်ကနေ ရိပေါ်ဟာ တမေ့တမောငေးပါတယ်။ ဒီလိုအချိန်ဆို ပတ်ဝန်းကျင်မှာဘာဖြစ်နေတယ် သူမသိတော့...

လေတချက်တိုက်လိုက်တိုင်း ယိမ်းနွဲ့သွားတဲ့ ဆံနွယ်တွေဟာ အနည်းငယ်‌ရှည်နေပြီ မျက်ဝန်းရှေ့ကိုရောက်လို့လာသည်ပင်
အလှတရားကို ခံစားနေချိန် အနှောက်အယှက်ပြုသည်မို့ မျက်မှောင်တွေကြုတ်မိလျက်သား

စိတ်မရှည်သလို ဆွဲဖယ်မယ်ပြုမိတော့ သူ့ဆံနွယ်တွေဟာ တယောက်သောသူရဲ့ဖယ်ရှားပေးခြင်းကို ခံလိုက်ရသည်။ရုတ်တရက်မို့အံ့ဩသွားဟန် နှုတ်ခမ်းလေးဟာ ပွင့်ဟသွားပေမယ့် ‌သူ့ဘေးဘက်ကသူဟာတော့ သူ့အဖြစ်ကိုကြည့်ပြီး ပြုံးရယ်လို့ပင်

သူ့ကို ရယ်ရကောင်းလားဆိုကာ ပိုဆူပုတ်မိတော့ မျက်ခုံးနှစ်ခုကြားနေရာလေးအပေါ် တဖက်သူရဲ့လက်ကလေးကရောက်လာလေသည်။

"မျက်မှောင်တွေအရမ်းမကြုတ်ထားစမ်းပါနဲ့ ရုပ်ဆိုးသွားအုံးမယ်"

ရယ်ချင်ပကျိမျက်နှာဘေးနဲ့ ပြောလာပုံကိုက ရိုက်ချင်စရာ

"ကိုယ့်မျက်နှာနဲ့ကိုယ်တောင် လွတ်လွတ်လပ်လပ်မနေရဘူး ဟွန့်"

"ခွီးး "

သူပြောလိုက်ကာမှ အသံထွက်လို့ရယ်ပြန်သည်။ ဒီလူ ရူးသွားတာလား ငါ့ကိုတမင်လာလှောင်နေသလိုဘဲ

Born Again Where stories live. Discover now