နွေးထွေးမှု

486 60 9
                                    

Unicode

နေမင်းကြီးကပေါ်လာလိုက် တိမ်တွေကြားပြန်ပျောက်သွားလိုက်နဲ့ တနေ့ပြီးတနေ့ကုန်ဆုံးလာခဲ့တယ်။

ထူးဆန်းတယ်ဆိုရမလား ဒီရက်တွေမှာရိပေါ့်ကိုရှင်းရန်ဟာလိုက်နှောက်ယှက်တာမရှီတော့ဘူး။ထိုနေ့က သူပြောလိုက်တဲ့စကားကြောင့် သဘောပေါက်လွယ်ပြီးလက်လွှတ်ပေးလိုက်တာများလား။ သို့သော်လည်း သူ့ရည်းစားဟောင်းအကြောင်းသူသာအသိဆုံးမို့ အကြွင်းမဲ့မယုံရဲ‌သေးဘူး။

စာသင်နှစ်အတွင်းမှာဘဲဖြစ်နေတော့ သူတို့ကကျောင်းမှာတော့ တွေ့ရသေးသည်။သူတို့နှစ်ယောက်ပြတ်စဲသွားပြီဖြစ်ကြောင်းဟာ သူတို့ကျောင်းရှေ့ကြီးမှာ စကားများခဲ့တဲ့နေ့ကပင် တစတစဖြင့်တစ်ကျောင်းလုံးကိုပျံ့နှံ့နေပြီးဖြစ်သည်။

တစ်ယောက်တစ်မျိုးပြောနေကြတဲ့ စကားတွေကို ရိပေါ်ကလျစ်လျူရှုထားပြီး စာကိုသာအာရုံစိုက်တယ်။လူတွေရဲ့အမြင်ကို အာရုံစိုက်တဲ့အနေနဲ့တော့ ကျောင်းကိုအသွားအလာလုပ်တဲ့အခါ ရှောင်းကျန့်နဲ့အတူသွားခြင်းကို တတ်နိုင်သမျှဆင်ခြင်တယ်။

ရှေ့မှာဆရာစာသင်နေတုန်း တဖျတ်ဖျတ်လင်းလာတဲ့ဖုန်းကြောင့် အမြန်ပင်လက်နဲ့အုပ်ကိုင်ကာဖွက်လိုက်ပြီး ဘယ်သူကသူ့ကိုစာပို့လိုက်တာလဲဆိုတာကို ခိုးကြောင်ခိုးဝှက်ဖွင့်ကြည့်လိုက်တယ်။

"မား"ဆိုတဲ့ စာလုံးကြီးကိုအရင်မြင်လိုက်ရတော့ ကြိုမြင်လိုက်တော့သည်။ သေချာတာကတော့ သူနဲ့ရှင်းရန်အကြောင်းကိုမေးသည့် စာဘဲ‌ဖြစ်ပေလိမ့်မယ်။

အတွင်းဘက်အထိသေချာတောင်ဝင်ကြည့်မနေတော့ဘဲ ဖုန်းကိုပိတ်ကာ စာသင်နေတဲ့အပေါ်ကိုဘဲ ပြန်လို့အာရုံစိုက်လိုက်သည်။ရှင်းရန်နဲ့ပတ်သက်တာမှန်သမျှကို စိတ်ဝင်စားနေဖို့အချိန်သူ့မှာမရှီပါ။

.

.

.

ကျောင်းဆင်းချိန် ကျောင်းရှေ့ရပ်နေတဲ့ကားနက်ကြီးက ရိပေါ်ထွက်လာတာမြင်တော့ သူ့ရှေ့ရောက်လာတယ်။မှန်တံခါးပွင့်လာတာအတူမြင်လိုက်ရသည်က မိခင်ဖြစ်သူ...

Born Again Where stories live. Discover now