ချန်ဘက်မှာ ဘယ်သူမှမရှီಥ‿ಥ

684 41 9
                                    

Unicode

'ကိုယ်မကြိုက်ဘူး မင်းမျက်ဝန်းက မျက်ရည်စတွေကို'

'သူ့ကြောင့် မင်းငိုခဲ့ရတာကို ကိုယ်ကသိနေခဲ့တယ်ဆိုတာ မင်းသိသွားခဲ့ရင် ဘယ်လိုများနေမလဲ'

'အိပ်မက်ယောင်လို့နေရင်တောင် ငိုကြွေးနေတာ သူ့ကြောင့်ဘဲမလားလို့ ကိုယ်မေးချင်ရင်တောင် မင်းဆီက အဖြေကို ကိုယ်မကြားရဲသေးဘူး'

'မင်းမှာ ပိုင်ရှင်ရှီမှန်းကိုယ်သိတယ် ပြီးခဲ့တဲ့အတိတ်က အရိပ်မှာလဲ သူဘဲဆိုတာ ကိုယ်သိတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ ကိုယ်မင်းကို သူ့လက်ထဲကနေ လုယူပါရစေလား'

'ကိုယ်လှည့်ထွက်ဖို့ကြိုးစားပြီးပြီ မေ့ဖျောက်ဖို့ ကြိုးစားခဲ့ပြီးပြီ အရာမထင်လာတဲ့ဟာတွေကို ကိုယ်နောက်တစ်ခါထပ်မကြိုးစားတော့ဘူး မင်းကို ကိုယ်ပိုင်အောင်ဘဲကြိုးစားတော့မယ်'

သူ့အနမ်းကြောင့် မောဟိုက်ကာ ကလေးလေးလို ရင်ခွင်ထဲတိုးဝင် အိပ်စက်လာသူလေးကို ဖက်ထားရင်း နဖူးပြေပြေလေးကိုနမ်းကာ အတွေးနယ်ချဲ့လို့နေမိတယ်။

ရင်ခွင်ထဲက သူဟာလည်း ရှက်စိတ်ကြောင့် အိပ်ချင်ယောင်ဆောင်တယ်လို့ဆိုရမလား ဇွတ်ကို သူ့မျက်နှာလေးအား ရင်ခွင်ကျယ်ထဲဖုံးနိုင်သမျှ ဖုံးအောင်တိုးဝင်လို့နေရှာတယ်။

.
.
.
.

"ထကြပါတော့ ကျေးဇူးရှင်တို့ရေ
မိုးလင်းပါပြီ နေမင်းကြီးလည်း ထွက်လာပါပြီ နှိုးစက်တွေလည်း သံစုံမြည်လို့ နောက်တပတ်တောင်ပြန်လည်နေပါပြီလို့!!"

ချန်ရဲ့ စိတ်မရှည်တဲ့အော်သံတွေဟာ အခန်းထဲဆူညံလျက်

"ထကြပါတော့လို့ဟ နင်တို့ဗိုက်မဆာတောင် ငါဆာနေပြီဟ ဝမ်ရိပေါ်! မင်းယောက်ျားရင်ခွင်ထဲကထွက်ပါတော့ ဟိုကလက်မောင်းတွေ ထုံနေရောပေါ့ကွာ"

ချန့်ရဲ့ဆူညံသံကြောင့် ရိပေါ်ကနိုးလာမယ်ထင်သလား နိုးနော် သူ့ဟာသူ အိပ်မက်ကမ္ဘာလေးထဲမှာ သာယာလို့ကောင်းတုန်း

လှုပ်လှုပ်ရှားရှားဖြစ်လာတဲ့သူကတော့ ရှောင်းကျန့်ပေါ့။ လက်တစ်ဖက်က နာကျင်မှုနဲ့အတူ ရှုံ့မဲ့မဲ့နဲ့ မျက်လုံးတွေကိုဖွင့်ကြည့်လာတယ်။

Born Again Where stories live. Discover now