တူတူအိပ်ရမယ်!

840 77 7
                                    

Unicode

ဆေးရုံဆင်းဖို့အတွက် သိမ်းစရာရှီတာတွေကို တက်ကြွစွာ သိမ်းဆည်းနေတဲ့ ရိပေါ်ကို ရှောင်ကျန့်မှာ ကြောင်တောင်တောင်လေးနဲ့လိုက်ကြည့်နေသည်။

"အားလုံးသိမ်းပြီးပြီ သွားရအောင်"

သူဘယ်မှာနေမှန်းတောင်မသိသေးဘဲနဲ့ ရှေ့က ဦးဆောင်ကာ အထုတ်အပိုးတချို့ကိုပါ သယ်သွားသောသူကို ရှောင်ကျန့်ကလည်း ဘာမှမပြော နောက်ကသာ လိုက်လာသည်။

ပစ္စည်းတွေကို ကားပေါ်တင်ပြီးနောက် မောင်းသူနေရာကို ရိပေါ်ဝင်ထိုင်လိုက်တဲ့အခါ မယုံကြည်နိုင်တဲ့မျက်ဝန်းတွေနဲ့ ရှောင်ကျန့်ကလိုက်ကြည့်သည်။

"ဟေ့ ဒါဘယ်သူကားလဲ မင်းဘာလို့ သူများကားပေါ်ဝင်ထိုင်ရတာလဲ"

အံ့ဩတာထက် သူများကားပေါ်ပိုင်စိုးပိုင်နင်း ဝင်ထိုင်လိုက်တဲ့ ရိပေါ်ကို ကားပိုင်ရှင်လာရင် အော်လားငေါက်လား လုပ်မှာစိုးလို့ သူကိုယ်တိုင်က အရင်ပြောလိုက်ခြင်း

"မင်းမြန်မြန်ပြန်ထွက် ဘယ်သူ့ကားမှန်းမသိဘဲနဲ့"

"ဟင် ဒါကျွန်တော့်"

"မင်းကားလို့တော့မပြောနဲ့နော် လိမ်တာလူကြည့်လိမ်"

What?!
အစကတော့ ရိပေါ်က သဘောမပေါက် နောက်မှ သူလိမ်ထားတာကို သတိရပြီး

"ဒါကျွန်တော့်ကားလို့ ဘယ်သူပြောလို့လဲ ငှားလာတာ"

"ဟမ် မင်းဒီကားကိုငှားလာတယ် ဒီလိုနောက်ဆုံးပေါ်ကားကို ငှားရအောင် မင်းရူးနေလို့လား"

ဒီကပ်စီးနဲ ဘဲကြီးကလုံးဝကိုမိုက်မနေဘူး!

အရစ်ခံလာရတဲ့အခါ ရိပေါ်အနည်းငယ်တော့ ဒေါသထွက်လာသည်။

"ကျွန်တော့်ပိုက်ဆံနဲ့ကျွန်တော်ငှားတာဘဲ ဗျာ ခင်ဗျားကိုပိုက်ဆံပြန်မတောင်းပါဘူး"

မတိုးမကျယ်အသံနဲ့ရန်တွေ့လာတဲ့ ရိပေါ်ကို ရှောင်ကျန့်ကတဖက်ခြမ်းကနေကားထဲဝင်ထိုင်ရင်း ပြန်စွာသည်။

"တောင်းလည်းမပေးဘူး မင်းဟာ့မင်းအားယားပြီးငှားတာ တက္ကစီတွေဒီလောက်ပေါ်နေတဲ့ ခေတ်ကြီးမှာ ဘယ်အရူးကဆေးရုံဆင်းတာကို ဒီလိုကားအကောင်းစားကြီးငှားစီးပြီးအိမ်ပြန်မှာလဲ"

Born Again Where stories live. Discover now