အတူတူသာနေခွင့်ရပြီဆိုရင်.....

878 82 8
                                    

Unicode

Flash back

"ချာတိတ်လေး"

ဆေးရုံဝင်းရဲ့အဝင်ပေါက်ကနေပြေးဝင်လာပါသည့် ရှောင်းအသေးလေး

"ဒီမှာ ကိုကိုအရုပ်အသစ်ယူလာတယ် ဝက်ရုပ်လေး"

ဈေးထဲသွားတုန်းမိဘတွေကိုမရမက ပူဆာကာဝယ်ခိုင်းတဲ့အရုပ်နှစ်‌ရုပ်ကို အတူဆော့ဖို့ရာယူလာပြီး ပါလာသည့်အရုပ်ထဲကမှဝက်အရုပ်ကလေးအား ချာတိတ်လေးလို့ခေါ်ပါသည့် ရှောင်းအသေးလေးရဲ့သူငယ်ချင်းအသစ်လေးအား လက်ဆောင်အဖြစ်ပေးလေသည်။

အူကြောင်ကြောင်လေးနဲ့ပြန်ကြည့်နေတဲ့ကလေးလေးက သူပြောတာကိုနားမလည်သလို

"ချာတိတ်လေးကို ပေးဖို့ယူလာတာ"

အဲ့တော့မှ မျက်ဝန်းလေးလက်သွားပြီး အရုပ်ကိုယူဖို့ရာ လက်လှမ်းလာသည်။ လှမ်းလာတဲ့လက်ကလေးကလည်း လက်တဝက်မှာတင်ရပ်တန့်သွားပြီး တခုခုကိုအတွေးပေါက်သွားသလို စဉ်းစားဟန်ပြုကာခေါင်းခါပြလာပြန်သည်။

"ဘာလို့လဲ"

"မားမားကပြောထားတယ် သူများပေးတာအလကားမယူရဘူးတဲ့"

"ဟင် ကိုကိုက‌တူတူဆော့ဖို့ပေးတာလေ"

"ဟင့်အင်း ယူဘူး"

ခေါင်းမာတဲ့ကလေးလေးပါလေ။ သူ့ကိုအဖက်မလုပ်တော့ဘဲ သူ့အရုပ်တွေနဲ့သာ သူပြန်ဆော့နေသည်။
ရှောင်းအသေးလေးမှာ အတွေးများရသည်

ဒီဝက်အရုပ်လေးက ချာတိတ်လေးနဲ့တူလို့ဝယ်လာတဲ့ဟာ သူကမယူတော့ ဘယ်သူ့ကိုပေးရမှာတုန်း

"ယူလိုက်ပါ ကိုကိုကယုန်အရုပ်ကိုယူတယ်လေ"

"ဟင့်အင်း"

ဘူးဆို ဗရုံကော အခြားအသီးတွေကော မသီးတဲ့ကလေးလား။ ရှောင်းအသေးလေး စိတ်မပျော်တော့ပါ။

"သားဝမ်ရေ"

ဆေးရုံအဆောက်အဦးထဲကနေထွက်လာတဲ့ အန်တီကြီးတယောက်ရဲ့အော်သံ။ ထိုအော်သံကိုကြားတော့ ချာတိတ်လေးက အပြေးထသွားသည်။ ရှောင်းအသေးလေးလည်း ဘုမသိဘမသိ မအူမလည်နဲ့နောက်ကပြေးလိုက်သွားတော့ အော်ခေါ်နေတဲ့ အန်တီကြီးကိုဖက်ထားတဲ့ချာတိတ်လေးကိုတွေ့လိုက်ရသည်။

Born Again Where stories live. Discover now