မင်းက ဘယ်သူလဲ

856 75 12
                                    

Unicode

အပြင်လောကကြီးက အရမ်းကိုလှတယ်။ရာသီဥတုကသာယာနေတော့ ကျောင်းသွားရတာအရမ်းကောင်း။

လေညင်းလေးတွေကလည်း တိုက်ခတ်လို့ သစ်ရွက်ခြောက်တွေဟာလည်း မြေပြင်ပေါ်ကိုကြွေခလို့။

ဒီနေ့မှ ထူးထူးခြားခြား ကျောင်းကိုလမ်းလျောက်သွားချင်စိတ်ဟာပေါ်နေသည်မို့ ရိပေါ်တယောက် အိမ်ကထွက်ကတည်းက လွယ်အိတ်တလုံးပိုက်ပြီး လမ်းလျောက်လာခဲ့တော့သည်။

အပင်တွေအောက်မှာ ရှီနေတဲ့ သစ်ရွက်ခြောက်တွေပေါ်နင်းရင်း ဆော့လိုက် အခုမှကြွေကျလာတဲ့ သစ်ရွက်တွေကိုလိုက်ဖမ်းလိုက်နဲ့ တယောက်ထဲ အလုပ်ရှုပ်လို့နေသည်။

ပတ်ဝန်းကျင်အမြင် ဘယ်လိုရှီမယ်ဆိုတာ နဂိုကတည်းက ဂရုမစိုက်တတ်သူမို့ အဖတ်လုပ်မနေဘဲ ကိုယ်ပျော်ရွှင်ကိုသာ ဆက်လုပ်ရင်း ရယ်မောလို့

ရှောင်ကျန့်ဟာလည်း ရိပေါ်နဲ့မလှမ်းမကမ်းကနေ လိုက်ရင်း အဝေးကနေငေးကြည့်ပြီး ပြုံးတယ်။ တချက်တချက်ကြ ယိုင်နဲ့သွားတတ်တာကြောင့် ချော်ချက်လဲမလားဆိုပြီး ဂရုတစိုက်လက်တပြင်ပြင်နဲ့ ‌အနောက်နားကနေ ထပ်ကြပ်မကွာလိုက်လို့ စောင့်ရှောက်နေလေရဲ့

အပျော်ဆိုတာ ကြာကြာမခံတတ်ဘူးလားမသိပါဘူး။ ကျောင်းဝင်ပေါက်ရောက်တာနဲ့စိတ်ညစ်ရတော့တာဘဲ။

"ရိပေါ်!!"

ကျောင်းဝင်ပေါက်မှာ တမင်ကိုစောင့်နေပုံပေါ်သည့် ရှင်းရန်ကြောင့် ရိပေါ်တယောက် ပတ်ပြေးဖို့တောင်အချိန်မမှီလိုက် ကိုယ့်ကိုတွေ့တာနဲ့နာမည်ကို အသံကုန်အော်ပြီး ပြေးလာနေသည်ကိုက အမြင်ကပ်ဖို့ကောင်းလွန်းနေသည်။

"ရိပေါ် နောက်ဆုံးတော့ ကိုယ်ရည်းစား‌လေးကိုဖမ်းမိပြီ"

ဝမ်းသာအားရဖြစ်နေပုံ ရိပေါ်ကိုဆွဲဖက်လို့ ပြောတဲ့စကားက "ဖမ်းမိပြီ"တဲ့။ စ,စလာဖက်တုန်းက ကြောင်အသွားတာမို့ ငြိမ်နေမိတဲ့ ရိပေါ်က ခဏအကြာမှာတော့ တွန်းဖယ်လာသည်။

သူ့ကိုလွတ်ထွက်မသွားအောင် တင်းကြပ်စွာဖက်ထားသည့် ရှင်းရန်ဟာလည်း လွှတ်ပေးဖို့အစီအစဉ်မရှီပုံပင်

Born Again Where stories live. Discover now