မထင်မှတ်ထားသော

1K 89 4
                                    

Unicode

"ရိပေါ်!"

'ဟ ဂွမ်းတာဘဲ'
ရှေ့တည့်တည့်လာပိတ်ရပ်သည့်သူကြောင့် ရိပေါ်ညီးညူမိသွားသည်။

"ကိုယ် ရိပေါ် အိမ်ကိုရောက်ခဲ့ပြီးပြီ ဒီပိတ်ရက်နှစ်ရက်လုံးရိပေါ် အိမ်မှာမရှီဘူးတဲ့ ဘယ်ရောက်နေတာလဲဟင်"

"အာ~ ကျွန်တော်လား ဒီလိုပါဘဲ သူငယ်......ချင်း  သူငယ်ချင်းအိမ်မှာ စာသွားလုပ်နေတာ"

မယုံကြည်တဲ့ မျက်ဝန်းတွေနဲ့ကြည့်လာသည်ကို ရိပေါ်အဖက်မလုပ်မိ အရင်ရိပေါ်ဆိုရင်တော့ သူအထင်လွဲမည်စိုး၍ အမှန်တရားတွေကိုသာ ‌ဖွင့်ပြောလိုက်မှာ သေချာပေမယ့် အခုရိပေါ်ကတော့မဟုတ်ပါ။

ကိုယ့်အပေါ်မျိုးစုံလိမ်ညာနေခဲ့တဲ့သူ့ကို ကိုယ်ကိုတိုင်တခါမှ ဒီလိုမျက်ဝန်းမျိုးနဲ့မကြည့်ခဲ့ဖူးဘူး။သူ့အပေါ် ကိုယ့်ရဲ့ပထမဆုံးအလိမ်အညာစကားမှာတင် သူဟာဒီလိုမျိုးပြုမူတယ်တဲ့လေ ရယ်ရတယ်။

"ကိုယ့်ကိုလိမ်နေတာတော့မဟုတ်ဘူးမလား"

"ဟက် ဘာလို့အဲ့လိုထင်ရတာလဲ ကျွန်တော်က ဘယ်တုန်းကများလိမ်ညာခဲ့ဖူးလို့လဲ"

ရှင်းရန်ရဲ့မျက်နှာဟာ သိသိသာသာညှိုးနွမ်းသွားပေမယ့် ဘာမှတော့ထပ်ပြောမလာ

"ပြောစရာမရှီတော့ရင် ကျွန်တော်သွားတော့မယ်နော် အတန်းချိန်ရှီသေးလို့"

"ရိပေါ်"

ထွက်သွားပါပြီဆိုမှ နာမည်ခေါ်လာပြန်သည်ကြောင့် ရိပေါ်လှည့်ကြည့်လိုက်သည်။

"ကိုယ်တို့ချစ်သူဖြစ်တာ ဒီနေ့နဲ့ဆို တပတ်ပြည့်ပြီနော်"

"ဟမ်"

အံ့ဩသွားဟန်ရှီတဲ့ ရိပေါ်ကြောင့် ရှင်းရန်လည်း စိတ်ပျက်သွားသည်။

"မေ့နေတာတော့မဟုတ်ဘူးမလား"

"မမေ့....မမေ့ပါဘူး ဟဲ"

"ဒါဖြင့် ပိတ်ရက်ကြ ကိုယ်တို့dateကြမလား"

"ပိတ်ရက် အင်း မပြောတတ်သေးဘူး ကျွန်တော် အချိန်ညှိလိုက်အုံးမယ်နော်"

"အင်း ပြီးရော ကိုယ့်ကိုပြန်ပြောပေးပါ"

"ဟုတ် သွားပြီနော်"

Born Again Where stories live. Discover now