ရှာတွေ့ပြီ

2K 136 6
                                    

Unicode

"ဟာ ဟျောင့် မလုပ်နဲ့!!!"

ချန်ရဲ့အော်သံဟာ ဆူညံလို့သွားပေမယ့် ရိပေါ်က သူ့စိတ်ကြိုက်သာပြုမူလေသည်။
ရလဒ်ကတော့ အံ့ဩစရာကောင်းတယ်

ရိပေါ် သူ့ရဲ့ဒေါသကို ချုပ်တည်းမထားနိုင်ဘဲပြုမူလိုက်တော့ သူ့ဝိညာဉ်ဟာ ခန္ဓာနဲ့ကွဲထွက်လို့သွားတာကို သိလိုက်ရသည်။

"ဘယ်လို ဖြစ်လို့..."

အံ့ဩမှုကြောင့် တုန်ယင်စွာထွက်ပေါ်လာသည့်အသံ

"ပြောသားဘဲ စိတ်လျော့ပါလို့ အခုတော့ဖြစ်ပြီ"

ဘာမှနားမလည်တဲ့ ရိပေါ်က မျက်လုံးကြီးစုံပြူးလျက် ချန်ကိုကြည့်လေသည်။

"အဲ့မျက်လုံးကြီးပြူးမထားစမ်းနဲ့ ကြောက်စရာကြီးး
မင်းကိုပြောဖို့ကျန်သေးတယ်ဆိုတာ အဲ့တာဘဲ မင်းကအခုမှ ခန္ဓာထဲပြန်ဝင်တာမို့ မင်းဝိညာဉ်နဲ့ခန္ဓာကတထပ်ထဲမကျသေးဘူး ဒါကြောင့် စိတ်လိုက်မာန်ပါလုပ်မိတာတွေကို တတ်နိုင်သမျှရှောင်ရမယ်"

"မင်းပြောတော့ လူပြန်ဖြစ်တာဆို အရင်ဝမ်ရိပေါ်ဆို ဒါက.."

"ပြောပြီးပြီလေကွာ အဓိက,က မင်းစိတ်လျော့ဖို့ဘဲ ဒေါသထွက်လာရင်တောင် တရားမှတ်ရမယ် နားလည်လား"

"-ျီး ဘယ်လိုတောင် အဓိပ္ပါယ်မရှီတာလဲ အဲ့ခွေးလိုကောင်ကို ထပ်ပြီးသည်းခံရင် နောက်ကျောမဟုတ်ဘဲ ရှေ့တည့်တည့်ကနေ ဓားနဲ့လာထိုးသွားမှာပေါ့ကွ"

ချန်က ရိပေါ်ပြောသမျှကို စိတ်မဝင်စားဟန်ပြုမူလေတယ်။ တကယ်လည်း သူမှနားမလည်ဘဲ လူတွေရဲ့ခံစားချက်တွေကို သူ့အနေနဲ့ဂရုပြုနေစရာမလိုဘူးလေ

"ဘာဖြစ်ဖြစ်မင်းသည်းခံရမယ် အခုတော့ ကိုယ်ထဲပြန်ဝင်လို့ရအောင်ကူပေးမယ် နောက်တခါဆိုရင်တော့ မရဘူးနော် အပြီးခေါ်သွားမယ် ဒါဘဲ!"

"F*** ဘာတွေမှန်းကိုမသိဘူး"

ချန်ပြန်သွားတဲ့အခါ ရိပေါ်ကစိတ်ထဲကနေပြောဆိုရင်း ဒေါသကို တရားနဲ့ဖြေနေရသည်။

"သူ့ကိုငါမသိဘူး သူနဲ့ငါနဲ့မသိဘူး " ဆိုတဲ့စကားတတွတ်တွတ်ရွတ်ဆိုရင်း မျက်လုံးကိုစုံမှိတ်ထားလိုက်လေသည်။

Born Again Where stories live. Discover now