အပိုင်း(၅) Unicode

1K 126 25
                                    

သားတို့တစ်ခန်းလုံးလွတ်လပ်ရေးရနေပါသည်။

သင်္ချာဆရာမရဲ့အမေကဆေးရုံတင်လိုက်ရလို့ဆရာမကအတန်းချိန်ကိုဖျက်လိုက်ပါသည်။သားတို့အတန်းပိုင်ဆရာမကလည်းတခြားအတန်းမှာစာသင်နေပါ​သည်။အစားထိုးသင်ပေးမယ့်ဆရာလည်းမရှိတဲ့အခါသားတို့တစ်ခန်းလုံးပျော်ပါးနေကြတာဖြစ်ပါ​၏။

မိန်းကလေးတွေကဆံပင်စည်းပြီးအလှပြင်တမ်းဆော့နေကြပါသည်။တချို့ယောကျာ်းလေးတွေကအတန်းကိုပတ်ပြေးနေကြပါသည်။သားကတော့ငြိမ်ငြိမ်လေးထိုင်ပြီးလက်မှုပညာဖြစ်တဲ့စက္ကူဘောလုံးလေးထိုင်လုပ်နေပါသည်။

စက္ကူဘောလုံးလေးလုပ်တာမခက်ခဲလှပါ။စက္ကူလေးကိုလုံးချေပြီးပတ်ပတ်လည်ကိုတိတ်လေးတွေနဲ့လိုက်ပတ်လိုက်ရင်ဘောလုံးလေးရပါ​၏။စက္ကူလေးကိုလုံးချေပြီးတဲ့သားက သားအရှေ့မှာရှိတဲ့အတန်းပိုင်ဆရာမစားပွဲပေါ်ကတိတ်ခွေကိုယူဖို့လုပ်လိုက်ပါသည်။အဲ့ဒီအချိန်မှာသားတို့အတန်းထဲကမိန်းကလေးတွေရဲ့အော်သံကိုသားကြားလိုက်ပါသည်။

ဘာဖြစ်လို့လဲဆိုပြီးသားကြည့်လိုက်တော့သားတို့အတန်းထဲကို Grade-9 က ကိုကြီးတွေဝင်လာတာဖြစ်ပါသည်။ထိပ်ဆုံးမှာသားရဲ့ကိုကြီးပါတာဖြစ်ပြီးအနောက်မှာနောက်ထပ် ကိုကြီးသုံးယောက်လည်းပါပါသည်။သားရဲ့အကြောင်းကိုတစ်တန်းလုံးသိအောင်လာတိုင်ပြောခြင်းလားမသိပါ။

သားကြောက်လို့ခုံအောက်ထဲမှာပုန်းနေလိုက်ပါသည်။ကိုကြီးကသားရဲ့ခုံအရှေ့မှာမတ်တပ်ရပ်နေတာဖြစ်ပါ​၏။တော်ပါသေးသည်။သားရဲ့ခုံကရှေ့ဆုံးတန်းမှာဖြစ်ပေမယ့်သားခုံရှေ့မှာအတန်းပိုင်ဆရာမရဲ့စားပွဲခုံရှိလို့သားပုန်းနေတာကို ကိုကြီးမမြင်ရပါ။

မကြာခင်မှာကိုကြီးရဲ့မိတ်ဆက်သံလေးထွက်လာပါသည်။ကိုကြီးရဲ့အသံကပျားရည်လေးလိုချိုမြိန်လှပါသည်။နွေရာသီမှာရေခဲချောင်းလေးစားသလိုသားရဲ့ရင်ဘတ်ထဲကိုအေးချမ်းစေပါ​၏။

"အစ်ကိုတို့ကGrade-9 က...အစ်ကို့နာမည်ကဝမ်ရိပေါ်လို့ခေါ်ပါတယ်..."

"သိပါတယ်...!!! "

သားတို့အတန်းထဲကမိန်းကလေးတွေအရမ်းကိုပိုပါသည်။ကိုကြီးရဲ့နာမည်ကိုသူတို့ပဲသိတာမဟုတ်ပါ။သားလည်းသိပါသည်။ဒါပေမယ့်အော်ပြော၍မရပါ။သားကကိုကြီးမမြင်အောင်ပုန်းနေရလို့ဖြစ်ပါသည်။

သို့...သားရဲ့ကိုကြီးWhere stories live. Discover now