အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးရဲ့ခုံတန်းတွဲလေးတစ်ခုပေါ်မှာ ကောင်လေးနှစ်ယောက်ထိုင်လို့နေ၏။လေယာဉ်ကွင်းထဲဝင်လာကတည်းကတွဲထားကြသည့်လက်လေးတစ်စုံကချွေးလေးတွေထွက် နေသည့်တိုင်အလွှတ်မပေးကြ။မကမ်းမလှမ်းမှာတော့နှစ်ဖက်မိသားစုမှ လူကြီးများ။
"ချာတိတ်..."
"ဟင်..."
"ဘာမုန့်စားဦးမလဲ..."
"စားတော့ဘူး သားဗိုက်ဝသွားပြီ..."
ဝမ်ရိပေါ်တစ်ဖက်လက်ကချာတိတ်ရဲ့လက်လေးတစ်ဖက်ကိုဆုပ်ကိုင်ထားရင်း ကျန်တဲ့လက်တစ်ဖက် ဖြင့် မုန့်စလေးတွေပေနေသည့်ချာတိတ်ရဲ့ပါးစပ်လေးကိုသုတ်ပေးလိုက်သည်။
"ကိုကြီး..."
"ဟင်..."
"ကိုကြီးက တခြားသူငယ်ချင်းတွေနဲ့တွေ့ရင် သားကိုမေ့သွားမှာလားဟင်..."
"မဟုတ်တာ ချာတိတ်ရာ..."
ဝမ်ရိပေါ်အသံတွေတုန်လာတာကြောင့် တစ်ဖက်သို့မျက်နှာလွှဲလိုက်သည်။
"ကိုကြီး..."
"အင်း..."
"ကိုကြီး နိုင်ငံခြားရောက်သွားရင်လည်း သားရဲ့ရည်းစားပဲဆက်လုပ်မှာလား..."
"အင်းပေါ့..."
"ကိုကြီး..."
"ဟင်..."
"ဘာလို့သားကိုမကြည့်တာလဲဟင်..."
ဝမ်ရိပေါ် မျက်ရည်များကိုပြောင်စင်အောင်သုတ်ပြီး ချာတိတ်ဘက်ပြန်လှည့်လိုက်သည်။အပြုံးတစ်ခုကိုဆင်၍...
"ကိုကြီးမျက်လုံးထဲ အမှိုက်ဝင်သွားလို့..."
"သား လေနဲ့မှုတ်ပေးရမလား..."
"အင်း..."
"ဟူး...ဟူး...ပျောက်သွားပြီလားဟင်..."
"ပျောက်သွားပြီပေါ့..."
သူ့ကိုယ်ပေါ်တက်ထိုင်ပြီး မျက်လုံးထဲလေနဲ့မှုတ်ပေးနေသည့် ချာတိတ်ကိုသူဖက်ထားလိုက်တော့ချာတိတ်က ဖားပျံလေးတစ်ကောင်နဲ့တူနေသည်။
"ကိုကြီး..."
"သားဗိုက်ပြည့်လို့အိပ်ချင်လာပြီ ပါပါးဆီချီပို့ပေး..."