အပိုင်း(၁၄) Unicode

893 120 16
                                    

"မိဘတွေကဒီဘက်မှာ ရင်ထိုးပန်းလေးတွေလာဝယ်ကြနော်..."

သားတို့စာသင်နှစ်ပြီးတော့မည်ဖြစ်တာကြောင့်သားတို့ကျောင်းမှာစာမေးပွဲကြီးမတိုင်ခင်ဒီဇင်ဘာလစုံညီပွဲတော်လုပ်နေကြခြင်းဖြစ်ပါသည်။ မိဘတွေကကျောင်းရံပုံငွေအဖြစ်ကျောင်းကရောင်းတဲ့ပန်းလေးတွေတစ်ပွင့်စီဝယ်ပြီးအင်္ကျီရင်ဘတ်မှာထိုးထားရပါသည်။

သားပါပါးနဲ့သားမာမီကလည်း စုံညီပွဲတော်မှာရောက်ရှိနေပါသည်။သားကိုကြီးရဲ့မာမားကအလုပ်ကိစ္စနဲ့မလာနိုင်လို့သားကိုကြီးလည်း သားရဲ့ပါပါးတို့နဲ့အတူတူစတိတ်စင်အရှေ့ရဲ့တတိယတန်းမှာထိုင်နေပါသည်။

🎵ကျွန်တော်နဲ့စကားလေးပြောရင် မျက်စိမှိတ်ထား...🎶

သားကစတိတ်စင်ပေါ်မှာသီချင်းဆိုနေပါသည်။သားဆိုတဲ့သီချင်းကိုသားရဲ့မာမီကရွေးပေးခဲ့တာဖြစ်ပါသည်။ သားက ရှပ်အင်္ကျီလေးကိုဂျင်းဘောင်းဘီရှည်နဲ့တွဲဝတ်ထားပြီး ဂျင်းကုတ်အင်္ကျီအရှည်လေးကိုထပ်ဝတ်ထားပါသည်။

သားကခေတ်ဆန်တဲ့လူငယ်လေးဖြစ်လို့သားဝတ်ထားတဲ့ဂျင်းအင်္ကျီလေးကအခုခေတ်လူငယ်တွေဝတ်သလို အပြဲရာလေးတွေပါပါသည်။သားရဲ့ခေါင်းပေါ်မှာလျှာထိုးဦးထုပ်လေးကိုနောက်ပြန်ဆောင်းထားပြီးနေကာမျက်မှန်ကိုလည်းတပ်ထားပါသည်။ဈေးကြီးတဲ့ရှူးဖိနပ်လေးကိုလည်း စီးထားပါ​၏။

နေကာမျက်မှန်ကြီးကမည်းနေပေမယ့် သားကကိုကြီးကိုတော့ကောင်းကောင်းမြင်ရပါသည်။ဘာဖြစ်လို့လဲဆိုတော့ကိုကြီးကလည်းသားလိုပဲအရမ်းချောပြီးတောက်ပနေလို့ဖြစ်ပါ​၏။

🎵စင်ပေါ်ကလှမ်းကြည့်တဲ့အခါ ခေါင်းကိုငုံ့ထား ကြည့်မိလို့ကြိုက်သွားရင်ကွယ် တာဝန်မယူ...🎶

သားကသားရဲ့မာမီသင်ထားပေးသလိုနေကာမျက်မှန်လေးကိုစတိုင်ကျကျပင့်ပြီးအောက်ကပွဲကြည့်ပရိတ်သတ်တွေကိုကြည့်လိုက်တော့ မမတွေရဲ့အော်သံတွေထွက်ပေါ်လို့လာပါ​၏။တကယ်တမ်းကျတော့ မမတွေက သားကိုချစ်ရှာပါသည်။စင်ပေါ်ထိတက်လာပြီး သားရဲ့လည်ပင်းမှာပန်းကုံးတွေအများကြီးလာစွပ်ပေးလို့သားရဲ့လည်ပင်းလေးတောင်မြုပ်နေပါသည်။

သို့...သားရဲ့ကိုကြီးWhere stories live. Discover now