အပိုင်း(၁၅) Zawgyi

77 2 0
                                    

သား ဒီနေ့အရမ်းပျော်နေပါသည်။

ပြီးခဲ့တဲ့အပတ်ကတည်းကအတန်းတင်စာမေးပွဲကြီးတွေပြီးသွားတဲ့အခါကျောင်းကြီးပိတ်သွားလို့သားပျော်နေခြင်းဖြစ်ပါသည်။သားရဲ့ပါပါးနဲ့မာမီကသားကို သားတို့အိမ်ပတ်ဝန်း ကျင်မှာရှိတဲ့ ပန်းခြံလေးထဲမှာသားနဲ့ကိုကြီးကိုနှစ်ယောက်အတူတူ စက်ဘီးစီးခွင့်ပြုပါသည်။

မနက်က "ကလင် ကလင်" ဆိုတဲ့စက်ဘီးသံလေးကြားတော့ သားအိပ်ရာကနေကုန်းရုံးထလာပါသည်။သားနဲ့ကိုကြီးကသားရဲ့အိမ်မှာမနက်စာအတူတူစားကြပါသည်။သားရဲ့မာမီက ကိုကြီးကို အန္တရာယ်ကင်းကင်းနဲ့စက်ဘီးစီးကြဖို့မှာကြားနေပါ​၏။

မနက်စာစားပြီးတဲ့သားတို့က ကိုကြီးရဲ့စက်ဘီးလေးနဲ့ ပန်းခြံလေးဆီသို့ သွားနေကြပါသည်။သားကစက်ဘီးရဲ့ဘယ်နေရာမှာထိုင်စီးနေလဲဆိုတာသိကြပါသလား။ကိုကြီးရဲ့စက်ဘီးကအနောက်ထိုင်ခုံမပါတော့စက်ဘီးရဲ့ရှေ့ဘားတန်းမှာ သားကတစောင်းလေးထိုင်ပြီးကိုကြီးရင်ဘတ်ထဲမှာဝင်စီးနေခြင်းဖြစ်ပါ​၏။တော်တော် လေးနွေးတာဖြစ်ပါသည်။

"ကိုကြီး သား စက်ဘီးစီးသင်ချင်တယ်..."

ပန်းခြံတစ်ပတ်ကိုသားတို့စက်ဘီးပတ်စီးပြီးတော့သားက စက်ဘီးစီးသင်ချင်လာပါ​၏။အဲ့တာကြောင့်ကိုကြီးကိုသင်ပေးဖို့တောင်းဆိုနေခြင်းဖြစ်ပါသည်။ကိုကြီးက "တကယ်လား"လို့မေးပြီး သားခေါင်းညိတ်ပြလိုက် တော့ သင်ပေးမယ်လို့ပြောပါသည်။

ပြီးတော့ ကိုကြီးက သင်တန်းကြေးတောင်းပါ​၏။သားမှာမုန့်ဖိုးမပါလာလို့စက်ဘီးစီးမသင်ရတော့ဘူးထင်ပါသည်။ဒါပေမယ့်ကိုကြီးတောင်းတဲ့သင်တန်းကြေးကပိုက်ဆံမဟုတ်ပါ။ဟိုအရင်တုန်းက ဘောလုံးပွဲမှာအားဆေးတောင်းသလိုမျိုး သားရဲ့ပါးလေးကိုနွေးအောင် လုပ်လိုက်ခြင်းဖြစ်ပါ​၏။

"ကိုကြီး..."

"ပြော ချာတိတ်..."

"နောက်ဆို သားမုန့်ဝယ်စားလို့ပိုက်ဆံမယူသွားမိရင် ဆိုင်ရှင်ကြီးကိုအဲ့လိုလုပ်ခိုင်းရင် ပိုက်ဆံပေးစရာမလိုဘဲ အလကားစားလို့ရလားဟင်..."

သို့...သားရဲ့ကိုကြီးWhere stories live. Discover now