အပိုင်း(၁၀) Unicode

1K 114 13
                                    

"ဝူး...ဝူး..."

ဆင်စခန်းဝန်းထဲမှာ Camp တည်ထားရတာဖြစ်၍ ဆင်များ​အစာတောင်းသည့်အသံကြောင့်ဝမ်ရိပေါ်တစ်ချက်နိုးလာသည်။နိုးလာချင်းသတိထားမိလိုက်သည်ကလည်ပင်းအစ်နေသည့်ဝေဒနာ။ဝမ်ရိပေါ်ချက်ချင်းထလို့မရသေးဘဲသူ့ဘေးနားမှာထားထားသည့်မျက်မှန်နဲ့ဓာတ်မီးကိုစမ်းလိုက်သည်။

မျက်မှန်ကိုတပ်၊ဓာတ်မီးကိုဖွင့်လိုက်ပြီးမီးရောင်လေးနဲ့သူ့လည်ပင်းပေါ်ရောက်နေသည့်အရာလေးကိုထိုးကြည့်လိုက် တော့ ခြေထောက်သေးသေးဖြူဖြူလေးတစ်ဖက်ဖြစ်သည်။

"သားကငြိမ်ငြိမ်လေးပဲအိပ်တတ်တာ"လို့ပြောပြီး အမွှေးပွဘဲငန်းအရုပ်လေးကိုပိုက်၊စောင်လေးသေချာခြုံလို့ ပက်လက်လေးအိပ်သွားတဲ့ချာတိတ်က အခုတော့ထောင့်ဖြတ်အနေအထားနဲ့ ၁၈၀ ဒီဂရီ။ခြေထောက်လေးတစ်ဖက်ကသူ့လည်ပင်းပေါ်ရောက်လို့နေပြီး ခေါင်းလေးကရွက်ဖျင်တဲအပြင်မရောက်ရုံတမယ်။ဘဲငန်းအရုပ်လေးလည်းချာတိတ်အိပ်နေတုန်းထပျံသွားလေသလား။အခုတော့အိပ်ရာခင်းရဲ့အောက်ခြေမှာ။

သူ့လက်ထဲကဓာတ်မီးကိုချပြီးလည်ပင်းပေါ် ရောက်နေသည့်ခြေထောက်လေးကိုဖြည်းဖြည်းလေးဖယ်လိုက်သည်။ကန့်လန့်ဖြစ်နေတဲ့ခန္ဓာကိုယ်လေးကိုလည်းပြန်တည့်ပေးလိုက်​၏။ချာတိတ်ကတစ်ချက်မှနိုးမလာ။တဝူးဝူးနဲ့ဆင်အော်သံတွေကြားမှာတရှူးရှူးနဲ့ဆက်အိပ်ပျော်နေဆဲဖြစ်သည်။

ဘယ်ဆီမှန်းမသိရောက်နေသည့်စောင်လေးကိုသူပြန်ရှာ၍ခြုံပေးလိုက်သည်။နောက်ဆုံးမှာတော့အမွှေးပွဘဲငန်းရုပ်လေးကိုပါကောက်ပြီး ဆင်အော်မနိုးလေး​၏ရင်ဘတ်ပဲပြန်ထည့်ပေးထားလိုက်၏။လက်ပတ်နာရီကိုငုံ့ကြည့်လိုက်တော့ မနက်ငါးနာရီပဲရှိသေးလို့သူလည်းပြန်အိပ်ဖို့လုပ်လိုက်သည်။

"ဘယ်...ညာ..."

"ဘယ်...ညာ..."

"ဘယ်...ညာ..."

မနက်စာစားပြီးတော့သားတို့ဆယ်ယောက်တစ်ဖွဲ့စီကို Patrol Leader တစ်ယောက်ဦးဆောင်ပြီး "ဘယ်ညာ"လျှောက်ခိုင်းပါသည်။ထိုသို့လျှောက်ခြင်းကအညောင်းအညာများပြေပြီးခန္ဓာကိုယ်ကြီးထွားကြံ့ခိုင်စေပါ​၏။

သို့...သားရဲ့ကိုကြီးWhere stories live. Discover now