အပိုင်း (၆) Unicode

996 123 23
                                    

ကင်းထောက်လူငယ်များအသင်းဝင်ခွင့် form ပေါ်မှာသားရဲ့နာမည်ကိုရေးပြီးပါပြီ။ အသက်၊အတန်းနှင့်မိဘနာမည်များလည်းရေးထည့်ပြီးပြီဖြစ်ပါ​၏။နေရပ်လိပ်စာကိုတော့အရှည်ကောက်မေ့နေလို့အိမ်အပြင်ထွက်ပြီးအိမ်နံပါတ်ပြန်ကြည့်လိုက်ရပါသည်။အခုတော့အုပ်ထိန်းသူလက်မှတ်လေးသာလိုပါတော့​သည်။

form လေးကိုကိုင်ပြီး သားအောက်ထပ်ကိုဆင်းလာပါသည်။တီဗီရှေ့ကဆိုဖာခုံပေါ်မှာမာမီကတီဗီကြည့်ရင်းကန်စွန်းရွက်နွှာနေပါသည်။ကန်စွန်းရွက်ကြော်ကိုသားကြိုက်ပါသည်။အာဟာရလည်းဖြစ်ပြီးဉာဏ်လည်းကောင်းစေပါ​၏။မာမီရှေ့ကိုသားသွားလိုက်ပါသည်။

"မာမီ..."

"အင်း ပြော သားသား..."

"သား ကျောင်းက ကင်းထောက်လူငယ်များအသင်းထဲဝင်ချင်တယ်..."

ဘာလို့လဲမသိပါ။မာမီရဲ့လက်ထဲက ကန်စွန်းရွက်တစ်ပင်ပြုတ်ကျလို့သွားပါသည်။သားရဲ့ခန္ဓာကိုယ်ကိုလည်းအပေါ်ကြည့်လိုက်အောက်ကြည့်လိုက်လုပ်ပါသည်။ "အလိုလေးတော့"ဟုလည်းပြောလိုက်ပါသေး​၏။

"မဖြစ်ပါဘူးသားသားရယ်...အိမ်ပေါ်နဲ့အိမ်အောက်ဆင်းတာတောင်မောတယ်လုပ်နေတာ...သားသားပုံက ပျော့တိပျော့ဖက်လေးနဲ့တောင်တက်၊လှေလှော်၊ camping အဲ့တာတွေဘယ်လိုလုပ်မှာလဲ...အဲ့ထဲဝင်ရင်ကိုယ့်အားကိုယ်ကိုးရမှာနော်သားသား...ကြက်တောင်ရိုက်တဲ့အသင်းထဲဝင်ခိုင်းတာတောင် ဘတ်တံကြီးက လေးတယ်ဆို..."

သားကို ကင်းထောက်လူငယ်များအသင်းထဲမဝင်စေချင်သလိုပြောနေသည့်မာမီကိုသားစိတ်ကောက်ပါသည်။ သားကိုအားမရှိဘူးလို့ပြောတာကိုလည်းစိတ်ဆိုးပါ​၏။ သားကကိုယ့်အားကိုယ်ကိုးနိုင်မှန်းမာမီသိအောင်သက်သေပြရပါတော့မည်။

မီးဖိုခန်းထဲသားမြန်မြန်ပြေးသွားလိုက်ပါ​၏။ ရေခဲသေတ္တာထဲကမဖောက်ရသေးတဲ့တစ်လီတာရေသန့်ဘူးအသစ်ကိုဆွဲထုတ်ပြီးအိမ်ရှေ့ကိုပြန်ပြေးလာပါ​၏။မာမီရှေ့ကိုသွားပြီးရေဘူးအဖုံးကိုအားကုန်သုံးဖွင့်ပြလိုက်ပါသည်။ပြီးတော့မာမီထိုင်နေတဲ့ဆိုဖာခုံကြီးကိုသုံးခေါက်ပတ်ပြေးပြလိုက်ပြီး ကြမ်းပြင်ပေါ်မှာရွှိရွှိဆိုဒိုက်နှစ်ခါထိုးပြလိုက်ပါသည်။

သို့...သားရဲ့ကိုကြီးWhere stories live. Discover now