အပိုင်း(၉) Unicode

975 104 5
                                    

"ချာတိတ်..."

သားကိုအသာလေးလှုပ်နှိုးလိုက်သည့်ကိုကြီးကြောင့်သားအိပ်ပျော်နေရာမှထလာပါသည်။သားသေချာကြည့်လိုက်မှသားကကိုကြီးရဲ့ပုခုံးပေါ်ခေါင်းတင်ပြီးအိပ်ပျော်ခဲ့ခြင်းဖြစ်ပါသည်။သားကတော့ကိုကြီးရဲ့ခေါင်းကိုတွန်းထုတ်ခဲ့ပေမယ့်သားကိုလက်စားပြန်မချေတဲ့ကိုကြီးကစိတ်ကောင်းရှိတဲ့လူလေးတစ်ယောက်ဖြစ်ပါသည်။

သားတို့ကားပေါ်ကလူတွေကနှစ်ယောက်တစ်တွဲစီဆင်းသွားကြပါသည်။သားနဲ့ကိုကြီးပဲကျန်တော့တာဖြစ်ပါ​၏။ကိုကြီးကသားရဲ့ကျောပိုးအိတ်ကို အိတ်စင်ပေါ်ကချပေးပြီးသားရဲ့ကျောပေါ်ကိုတင်ပေးပါသည်။ပြီးရင်သားရဲ့လက်ဖဝါးလေးကိုကိုင်ပြီး ခရီးသွားကားပေါ်ကနေတူတူဆင်းလာကြပါ​သည်။

ဝါး...။သားအရမ်းပျော်သွားပါသည်။

ကိုကြီးရဲ့လက်ကိုသားဖြုတ်ချလိုက်ပြီး အကျယ်ကြီးဖွင့်မိသွားတဲ့ပါးစပ်လေးကိုလက်ဖဝါးနဲ့အုပ်လိုက်ပါ​၏။

သားတို့ရောက်နေတာဆင်စခန်းတစ်ခုဖြစ်ပြီးသားမျက်စိရှေ့မှာဆင်လေးတွေအများကြီးရှိပါသည်။ သားကဆင်တွေကိုအရမ်းချစ်ပါသည်။အဲ့တာကြောင့် ဆင်တွေကိုချစ်စနိုးလေးနဲ့ဆင်လေးတွေလို့ခေါ်ခြင်းဖြစ်ပါသည်။တကယ်တော့ဆင်လေးတွေကအကောင် အကြီးကြီးဖြစ်ပါသည်။သားရဲ့ခန္ဓာကိုယ်လေးကဆင်လေးတွေရဲ့ခြေထောက်တစ်ဖက်စာလောက်ပဲရှိပါ​၏။

ဆင်လေးတစ်ကောင်ရှိရာသို့သားပြေးသွားလိုက်ပါသည်။ဆင်လေးရဲ့ခေါင်းကိုသားလက်နဲ့ထိချင်ပါသည်။ဒါပေမယ့်သားအရပ်နဲ့မမှီလို့ခုန်ဆွခုန်ဆွဖြစ်နေပါသည်။သားရဲ့ကိုကြီးကသားရဲ့ဘေးနားရောက်လာပြီးသားကိုချီလိုက်ပါသည်။ဒါနဲ့ဆိုကိုကြီးသားကိုချီတာနှစ်ခါရှိပြီဖြစ်ပါသည်။

ကိုကြီးချီပေးထားလို့သားအရပ်အရှည်ကြီးဖြစ်နေပါသည်။ဆင်လေးရဲ့ခေါင်းကိုသားထိလိုက်ပါသည်။ဆင်လေးရဲ့ခေါင်းပေါ်ကအမွှေးလေးတွေကကြမ်းရှရှဖြစ်နေလို့သားအသည်းယားသွားပါသည်။လိမ္မာတဲ့ဆင်လေးကနှာမောင်းနဲ့သားလက်ကိုလာထိဖို့လုပ်ပါ​၏။သားလန့်ပြီးလက်ကိုအနောက်ဆုတ်လိုက်ပါသည်။သားကဆင်လေးတွေကိုချစ်ပေမယ့်နှာမောင်းတွေကိုတော့ကြောက်ပါသည်။

သို့...သားရဲ့ကိုကြီးWhere stories live. Discover now