အပိုင်း ၁၈.၁ - မုန့်ကြိုးလိမ် ရောင်းခြင်း

3.4K 382 1
                                    

Unicode

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ

အပိုင်း ၁၈.၁ - မုန့်ကြိုးလိမ် ရောင်းခြင်း

စုယွဲ့က သူမအဆင်ပြေကြောင်းသိပြီး ဆေးရုံတက်ဖို့ ဘယ်လောက်ကုန်ကျမယ်ဆိုတာကို သူမ မမြင်နိုင်တာကြောင့် မြန်မြန်ဆန်ဆန်ပဲ အကြောင်းပြချက်တစ်ခု ထုတ်လိုက်သည်။ “အစ်ကိုဟန်၊ ကျွန်မ ငယ်ငယ်တည်းက ဒီပြဿနာရှိဖူးတယ်။ လူအရမ်းများရင် မူးဝေပြီး ရင်ဘတ်အောင့်ဖို့ လွယ်ကူတယ်။ ကျွန်မ ဆရာဝန်နဲ့တွေ့ပြီးပြီ။ ဆရာဝန်က ဘာမှပြန်မပြောပေမယ့် အဆင်ပြေတယ်တဲ့။ ခဏနားလိုက်ရင်။"

စုယွဲ့က အဆင်ပြေတယ်လို့ ပြောပေမယ့် ဟန်အိုက်ကောက အစောက ဘယ်လောက် အားနည်းပြီး မသက်မသာဖြစ်နေလဲ တွေးမိပြီး မလွယ်ကူသလို ခံစားလိုက်ရသည်။ နောက်ဆုံးတော့ စုယွဲ့ကို ကွန်မြူနတီဆေးရုံကို ခေါ်သွားပြီး ဆရာဝန်သွားပြခဲ့သည်။

ဒါပေါ့ စုယွဲ့က ဟန်ဆောင်နေတာ။ ဆရာဝန်က ဘာမှ တွေ့မှာ မဟုတ်ဘူး။ နောက်တော့ စကားပြောခဲ့သည်။  "ပြဿနာ ကြီးကြီးမားမားမရှိပါဘူး။ နောင်မှာ လူထူထပ်တဲ့နေရာတွေကို မသွားမိအောင် သတိထားပါ"

ဟန်အိုက်ကောက ဆရာဝန်ပြောသည်ကိုကြားသောအခါတွင် သူလုံးဝစိတ်သက်သာရာရသွားသည်။

စုယွဲ့က သူမ၏ နှလုံးသားထဲ လျှာကို တိတ်တဆိတ် စုပ်ယူ​ခဲ့ပြီး နောက်ဆုံးတော့ ဖြတ်သန်းနိုင်ခဲ့သည်။

စုယွဲ့ ပြီးနောက် ဟန်အိုက်ကောက သူ့ ခြေထောက်များကို စကြည့်ခံခဲ့သည်။

တပ်မတော်ဆေးရုံက ဟန်အိုက်ကောရဲ့ဒဏ်ရာကို ဒီကဆရာဝန်တွေနဲ့ တိုက်ရိုက်ဆက်သွယ်ပေးတဲ့အတွက် သူ့ရဲ့ဒဏ်ရာကို ဒီဆရာဝန်တွေက အလေးထားသည်။ သူက စစ်သားတစ်ယောက်ဖြစ်ပြီး တိုင်းပြည်အတွက် ဒဏ်ရာရခဲ့တာကို သူတို့သိကြကာ သူ့ကိုလေးစားသည်။ သူ့ကိုတွေ့တဲ့အခါ အရမ်းသတိထားခဲ့ကြသည်။

သို့သော်လည်း ဟန်အိုက်ကော၏ ခြေထောက်ဒဏ်ရာမှာ အလွန်ပြင်းထန်ပြီး တပ်မတော်နယ်မြေ ဆေးရုံမှ ဆရာဝန်များသည် သေးငယ်သောနေရာ၌ပင် မကုသနိုင်ခဲ့ပေ။ ဆရာဝန်သည် ဝမ်းနည်းစွာ ခေါင်းယမ်းကာ တစ်ကြိမ်လျှင် ခြေထောက်ကို ပိတ်စသာ ပြောင်းနိုင်သည်။ ဒဏ်ရာကို ကုသရန် ဆေးအနည်းငယ် ပေးရုံသာ တက်နိုင်ပြီး အခြားဘာမှ မတတ်နိုင်ပါ။

၇၀ ခုနှစ်က မင်းရဲ့ခင်ပွန်းဆီ ကံကောင်းခြင်းတွေယူဆောင်သွားပါ (ဘာသာပြန်)Where stories live. Discover now