အပိုင်း ၈၇ - အိမ်နီးချင်းအသစ်

302 28 0
                                    

Unicode

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ

အပိုင်း ၈၇ - အိမ်နီးချင်းအသစ်

နှစ်ရက်ကြာပြီးနောက် စုယွဲ့က စက်ဘီးလက်မှတ်ကို ယူကာ ၀မ်ရှန့်ဆီသွားပြီး စက်ဘိီးတစ်စီး ၀ယ်လာခဲ့လိုက်သည်။ မိသားစု သွားရေးလာရေး အဆင်ပြေစေဖို့အတွက် ဖြစ်သည်။

ငယ်စဥ်ကတည်းက တာ့ပေါင်နဲ့ရှောင်ပေါင်က ကားရုပ်လေးတွေကို ဘဘောကျကြသည်။ အပြင်မှာ စက်ဘီးစီးရမယ်လို့ သိသွားကြတဲ့အခါ သူတို့လည်း စီးချင်သွားကြပြီး ပူဆာခဲ့ကြသည်။  " မားမား စီးချင်တယ် "

စုယွဲ့ ငြင်းလိုက်သည်။ " သားတို့နှစ်ယောက်က ငယ်လွန်းသေးတယ်။ စက်ဘီးစီးရလောက်တဲ့အထိ အရွယ်မရောက်သေးဘူး "

ရှောင်ပေါင်က စုယွဲ့ ခြေထောက်ကို ဖက်ထားကာ ပြောခဲ့သည်။ " ဒါဆို မားမား စီး "

စုယွဲ့က ငြင်းဆဲပင်။ " မားမားလည်း စီးလို့မရဘူး "

ထိုအခါ ရှောင်ပေါင်က တာ့ပေါင်ကို စစ်ကူတောင်းသည့်အနေဖြင့် လှမ်းကြည့်သည်။

တာ့ပေါင်ကမူ ဟန်အိုက်မင်ဆီသွားကာ ခြေဖျားလေးထောက်ပြီး ပူဆာခဲ့သည်။  " ဦးဦး သားကိုလည်း စက်ဘီးစီးဖို့ ခေါ်သွားပါလား "

တာ့ပေါင်က ကလေးသံလေးဖြင့် ပြောနေကာ မျက်လုံး၀ိုင်း၀ိုင်းလေးတွေနဲ့ကြည့်ပြီး ပူဆာနေတာကြောင့် ဟန်အိုက်မင်က စုယွဲ့လို ခံနိုင်ရည်မရှိတော့ချေ။ ထို့ကြောင့် ခေါင်းညိတ်ပြကာ ပြန်ဖြေခဲ့သည်။ " ကောင်းပြီ။ ဦးဦးက စက်ဘီးစီးဖို့ ခေါ်သွားပေးမယ် "

စုယွဲ့က နဖူးလက်ပြန်ရိုက်လိုက်မိကာ အမေဟန်က ရယ်ခဲ့သည်။ ထို့နောက် စုယွဲ့ကို ပြောခဲ့သည်။ " တာ့ပေါင်က တကယ်ဉာဏ်ကောင်းတယ်။ ဘယ်သူ့ကိုကပ်ရမလဲ တကယ်သိတာပဲ "

စုယွဲ့ ခေါင်းခါလိုက်မိသည်။ ရှောင်ပေါင်က အဆော့သန်ကာ ဆိုးတက်၍ ထက်မြက်တယ် ထင်ရပေမယ့် တကယ်တမ်းတွင် တာ့ပေါင်လို ဉာဏ်သိပ်မကောင်းချေ။ တာ့ပေါင်က စကားနည်းပေမယ့် အတော်လေး ပါးနပ်သည်။ အသက်ငယ်သေးပေမယ့် လုပ်ချင်တာရှိရင် ဖြစ်အောင်လုပ်တက်ပြီး ရှောင်ပေါင်နဲ့ ကွဲပြားသည်။ ရှောင်ပေါင်က သူမကို လာပူဆာသော်လည်း တာ့ပေါင်က လုံး၀မငြင်းမည့် ဟန်အိုက်မင်ကိုပဲ ပြောတာ ကြည့်ပါလား။

၇၀ ခုနှစ်က မင်းရဲ့ခင်ပွန်းဆီ ကံကောင်းခြင်းတွေယူဆောင်သွားပါ (ဘာသာပြန်)حيث تعيش القصص. اكتشف الآن