အပိုင်း ၈၁ - အိမ်တွင်းအကြမ်းဖက်မှု၊ တွန်းလှည်း

275 19 0
                                    

Unicode

၇၀ ခုနှစ်က မင်းခင်ပွန်းဆီ ကံကောင်းခြင်းတွေ ယူဆောင်သွားပါ

အပိုင်း ၈၁ - အိမ်တွင်းအကြမ်းဖက်မှု၊ တွန်းလှည်း

စုယွဲ့ အကြည့်လွှဲသွားတာကြောင့် ဟန်အိုက်ကော ထလိုက်ပြီး ခုနက စုယွဲ့ ဗီရိုထဲ ၀ှက်လိုက်သော အထုတ်ကိုယူဖွင့်ကြည့်လိုက်သည်။ သို့သော် ဘာတွေမှန်း သူ မသိတာကြောင့် စုယွဲ့ကို ထပ်မေးလိုက်သည်။ " ယွဲ့အာ ဒါတွေက ဘာတွေလဲ။ ဘာအတွက် သုံးတဲ့ဟာတွေလဲ "

စုယွဲ့ သူမ မျက်နှာကို လက်ဖြင့်အုပ်လိုက်ကာ လက်ချောင်းလေးများကြားမှ ချောင်းကြည့်ပြီး တိုးတိုးလေးပြောလိုက်သည်။

" ဘာပြောတာ? " ဟန်အိုက်ကောက သေသေချာချာ မကြားလိုက်ပေ။

စုယွဲ့ ဟန်အိုက်ကော နားနားကပ်ကာ တိုးတိုးလေး ပြောပြလိုက်သည်။

စုယွဲ့ပြောပြသည်ကို နားထောင်ပြီးသည့်အခါတွင် ဟန်အိုက်​ကော အကြည့်တွေက နက်မှောင်သွားခဲ့သည်။ ဟန်အိုက်ကော မျက်၀န်းအကြည့်က စုယွဲ့ ကိုယ်ကို လောင်ကျွမ်းသွားနိုင်လောက်သည်အထိ ပြင်းပြနေတာကြောင့် စုယွဲ့ နှလုံးခုန်မြန်လာမိသည်။ အမြန် အကြည့်လွှဲလိုက်ပြီး ဟန်အိုက်​ကော လက်ထဲမှ အထုတ်ကိုပြန်ယူကာ ဘေးမှာထားဖို့ ကြံလိုက်သည်။

ဟန်အိုက်ကောက စုယွဲ့ကို ထိုသို့လုပ်ခွင့်မပေးခဲ့ပေ။ " ဘာလုပ်မလို့လဲ ကိုယ့်အတွက်ယူလာတာ မဟုတ်ဘူးလား။ ကိုယ်အခု သုံးလိုက်မယ်လေ မကောင်းဘူးလား "

ပြောပြီးနောက်တွင် ဟန်အိုက်ကောက မီးအိမ်ကိုပိတ်လိုက်ကာ စုယွဲ့ကို ဖိထားရင်း နှစ်ဦးသား၏ ကိုယ်ပေါ်မှ အ၀တ်များကို ဖယ်ရှားလိုက်သည်။ ခဏအကြာတွင် ခပ်သြသြအသံဖြင့် ပြောခဲ့သည်။" ကိုယ်က မသုံးဖူးတော့ မင်းကူညီပေး "

စုယွဲ့ မျက်နှာပူကာ ရှက်မိသော်လည်း ဟန်အိုက်ကောပြောသည့်အတိုင်း လုပ်ပေးလိုက်သည်။

ဟန်အိုက်ကောက မျက်မှောင်ကြုံ့သွားကာ စုယွဲ့ကို တိုးတိုးလေး ကပ်ပြောပြန်သည်။ " ယွဲ့အာ အဲ့လိုကြီးက အဆင်မပြေဘူး ၀တ်ထားရင် ကိုယ် မင်းကို တိုက်ရိုက်ထိလို့ မရတော့ဘူး "

၇၀ ခုနှစ်က မင်းရဲ့ခင်ပွန်းဆီ ကံကောင်းခြင်းတွေယူဆောင်သွားပါ (ဘာသာပြန်)Where stories live. Discover now